Connect with us

Politics, Law & Military

ပြည်ထောင်စုနယ်မြေတွင် အစိုးရ သက်တမ်း လေးနှစ်အတွင်း လုပ်ငန်း ၆၄၆၀ အတွက် ကျပ် ၂၇၅ ဘီလီယံကျော်ဖြင့် ဆောင်ရွက်နိုင်ခဲ့ဟုဆို 

နေပြည်တော် ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး(အလယ်)နှင့် အဖွဲ့ ရှင်းလင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

နေပြည်တော် ကောင်စီသည် ပြည်ထောင်စု နယ်မြေအတွင်း၌ အစိုးရ၏ လေးနှစ်တာ ကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ဆည်/ ကန်၊ မီးလင်းရေး၊ ရေရှိရေးနှင့် အခြား ဒေသဖွံ့ဖြိုးရေး ကဏ္ဍများ စုစုပေါင်း ကဏ္ဍ ခုနစ်ခုရှိ လုပ်ငန်း အရေအတွက်ပေါင်း ၆၄၆၀ ခုတို့အတွက် လုပ်ငန်း တန်ဖို း ကျပ် ၂၇၅ ဒသမ ၂၄၉ ဘီလီယံ ကျော်ဖြင့် တည်ဆောက်နိုင်ခဲ့ကြောင်း နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေးက နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ညနေပိုင်း ပြုလုပ်သော အစိုးရ၏ စတုတ္ထ တစ်နှစ် တာ လုပ်ဆောင်ချက်များ တင်ပြခြင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အဲဒီ ကဏ္ဍတွေမှာ လုပ်ငန်း ၃၂၃၄ ခုအတွက် ပြည်ထောင်စု ဘတ်ဂျက်မှ ကျပ် ၁၄၆၉၄၉ ဒသမ ၀၇၂ သန်း၊ လုပ်ငန်း၁၈၉၁ ခုအတွက် နေပြည်တော်ကောင်စီ ဘတ်ဂျက်မှ ကျပ် ၁၁၆၃၃၅ ဒသမ ၅၆၇ သန်း၊ လုပ်ငန်း ၁၀၃၃ ခုအတွက် လွှတ်တော် ဘတ်ဂျက်မှ ကျပ် ၂၉၇၄ ဒသမ ၇၆၅ သန်း၊ လုပ်ငန်း ၃၀၂ ခုအတွက် ဒေသ အစီအစဉ် (အလှူရှင်များ၏ ငွေ)မှ ကျပ် ၈၉၉၀ ဒသမ ၅၈ သန်း သုံးစွဲပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု အတွင်းရေးမှူးက ရှင်းလင်း ပြောကြားခဲ့သည်။

အစိုးရ၏ စတုတ္ထ တစ်နှစ်တာအတွင်း ဆောင်ရွက်နိုင်မှုအနေဖြင့် အဆိုပါ ကဏ္ဍ ခုနစ်ခုရှိ လုပ်ငန်း ပေါင်း ၁၇၅၇ ခုအတွက် ကျပ် ၁၀၀၃၆၄ ဒသမ ၄၇၂ သန်း သုံးစွဲ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပညာရေး ကဏ္ဍတွင် လုပ်ငန်း ၃၉၃ ခုတို့အတွက် ငွေကျပ် ၆၈၈၇ ဒသမ ၅၉၄ သန်း သုံးစွဲခဲ့ပြီး ကျန်းမာရေး ကဏ္ဍတွင် လုပ်ငန်း ၁၉ ခုတို့အတွက် ကျပ် ၄၉၈၂ ဒသမ ၅၆၃ သန်း၊ လမ်းတံတား ကဏ္ဍတွင် လုပ်ငန်း ၆၉၈ ခုအတွက် ကျပ် ၄၈၀၂၀ ဒသမ ၂၈ သန်း၊ ဆည်မြောင်း ကဏ္ဍတွင် လုပ်ငန်း ၁၄၈ ခုအတွက် ကျပ် ၈၅၅၅ ဒသမ ၀၅ သန်း၊ လျှပ်စစ်မီးလင်းရေး ကဏ္ဍတွင် လုပ်ငန်း ၂၃၉ ခုအတွက် ကျပ် ၁၈၀၄၂ ဒသမ ၃၄၈ သန်းနှင့် အခြား ဖွံ့ဖြိုးရေး ကဏ္ဍတွင် လုပ်ငန်း ၁၇၂ ခုအတွက် ကျပ် ၁၁၉၀၆ ဒသမ ၅၉၉ သန်း အသီးသီး သုံးစွဲ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း အတွင်းရေးမှူးက ရှင်းလင်း ဖြေကြားခဲ့သည်။

နေပြည်တော်အနေဖြင့် အခွန် အရပ်ရပ် ကောက်ခံရရှိမှုမှာ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၄၅၉၂၂ ဒသမ ၃၈၂ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၈၂၃၃ ဒသမ ၈၅၅ သန်း၊ အထူး ကုန်စည်ခွန် ကျပ် ၁၈၁၈၁၄ ဒသမ ၄၇၈ သန်း၊ တံဆိပ်‌ေခါင်းခွန် ကျပ် ၂၃၉၈ ဒသမ ၈၂၄ သန်း၊ အောင်ဘာလေ သိန်းဆုခွန် ကျပ် ၇၆၂ ဒသမ၅၄ သန်း၊ စုစုပေါင်း ကျပ် ၂၄၇၁၃၂ ဒသမ ၀၇၉ သန်း ဖြစ်ကြောင်း၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၄၂၀၈၄ ဒသမ ၃၁၆ သန်း၊ ကုန်သွယ် လုပ်ငန်းခွန် ကျပ် ၁၈၂၀၀ ဒသမ ၆၀၁ သန်း၊ အထူးကုန်စည်ခွန် ကျပ် ၁၀၂၇၈၂ ဒသမ ၀၉၈ သန်း၊ တံဆိပ်‌ေခါင်းခွန် ကျပ် ၂၈၂၅ ဒသမ ၉၈၉ သန်း၊ အောင်ဘာလေ သိန်းဆုခွန် ကျပ် ၁၅၇၄ ဒသမ ၇၄၈ သန်း၊ စုစုပေါင်း ကျပ် ၁၆၇၄၆၆ ဒသမ ၀၇၉ သန်း ဖြစ်ကြောင်း၊ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ခွန် ကျပ် ၇၄၁၀ ဒသမ ၈၃၁ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၃၂၀၀ ဒသမ ၂၂၅ သန်း၊ အထူး ကုန်စည်ခွန် ကျပ် ၉၅၀၅၅ ဒသမ ၄၇၇ သန်း၊ တံဆိပ်‌ေခါင်းခွန် ကျပ် ၂၁၄၁ ဒသမ ၇၅၃ သန်း၊ အောင် ဘာလေ သိန်းဆုခွန် ကျပ် ၈၇၅ ဒသမ ၅၄၄ သန်း၊ စုစုပေါင်း ကျပ် ၁၀၈၆၈၃ ဒသမ ၈၃ သန်း ဖြစ် ကြောင်းလည်း အတွင်းရေးမှူးက ဖြည့်စွက် ရှင်းပြခဲ့သည်။

နိုင်ငံတော် သမ္မတ တိုက်ရိုက် အုပ်ချုပ်သည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်သည် ပင်လယ် ရေမျက်နှာပြင်အထက် ၃၇၇ ၌ တည်ရှိပြီး အရှေ့မှ အနောက်သို့ ၅၇ ဒသမ ၆ မိုင်၊ တောင်မှ မြောက် သို့ ၈၆ ဒသမ ၄ မိုင်၊ ဧရိယာ စုစုပေါင်း ၂၇၂၄ ဒသမ ၂၅၆၃ စတုရန်းမိုင်( ၁၇၄၃၈၄၄ ဧက) ကျယ်ဝန်းပြီး ခရိုင် နှစ်ခုနှင့် မြို့နယ် ရှစ်မြို့နယ် ရှိပြီး ရပ်ကွက် ၅၈ ခု၊ ကျေးရွာ အုပ်စု ၁၈၇ ခု၊ ကျေးရွာ ပေါင်း ၇၉၆ ရွာ၊ အိမ်ခြေ ၂၅၄၄၇၅ အိမ်၊ အိမ်ထောင်စု၂၆၂၀၇၅၊ လူဦးရေ ကျား ၅၄၂၆၄၄ ဦး၊ မ ၅၈၃၄၂၀ ဦး၊ စုစုပေါင်း ၁၁၂၆၀၆၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)