ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၇ကြိမ်မြောက် နိုင်ငံတကာဆောက်လုပ်ရေး စွမ်းအင် နှင့် ဓာတ်သတ္တုပြပွဲ (Construction, Power & Mining Myanmar Exhibition) ကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၉ ရက် မှ ၁၁ ရက် အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ဓာတ်တိုင်၊မီးကြိုးများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ အပြင်ပတ်လမ်းပေါ်တွင် တစ်နိုင်ငံလုံးသို့ ဆက်သွယ်နိုင်မည့် ကုန်တင်ကားများရပ်ရန် အတွက် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာတစ်ခု (Logistic Hub, Trucks Terminal yard) အမြန်ဆုံးတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းစနစ် အကောင်အထည်ဖော်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး...
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများကို ချိတ်ဆက်ပေးကာ နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို လေ့လာသုံးသပ်မည့် Myanmar Connect 2019 ထိပ်သီး အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ Pan Pacific...
ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) မာန်အောင်ကျွန်း နှင့် ကိုကိုးကျွန်း ဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေးကို စီမံကိန်းများချမှတ် ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင် ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တုအား အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဆင်ဟွာသို့ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း ကို လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာအထိ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်နှင့် ဒလမြို့နယ်တို့ကို ရန်ကုန် မြစ်အားဖြတ်သန်းကာ ဆက်သွယ် တည်ဆောက်နေသော (ဒလ) တံတားစီမံကိန်းသည် လက်ရှိတွက် ဒလဘက်ကမ်းနှင့် ရန်ကုန်ဘက်ကမ်းတို့ရှိ အောက်ခံ ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ကျန်းမာရေးဆိပ်ကမ်းဝင်းရှိ ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာန(Yangon Innovation Centre) ဖွင့်ပွဲ အခမ်းအနားအား ယနေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ယူနစ်များ ဆုံးရှုံးမှုများ(Losses)များနှင့်ပတ်သက်၍ Advance Metering Infrastructure-AMI စနစ်ကို ကျင့်သုံးနိုင်ပါက လူနှင့်ပြောင်းလဲပြီး ခိုးယူသုံးစွဲသည့် ကိစ္စများ ပပျောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။