Connect with us

Science & Technology

ယူနီကုဒ်စံစနစ်ကို တစ်ယောက်မကျန် အသုံးပြုရန် တိုက်တွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ e-Government ဖွံ့ဖြိုး တိုးတက် ကောင်းမွန်ရေး မှာ မဖြစ်မနေ လိုအပ်သည့် ယူနီကုဒ် စံစနစ်ကို ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းများ သုံးစွဲကြသူ တစ် ယောက် မကျန် အသုံးပြုရန် မြန်မာနိုင်ငံ e-Government ဦးဆောင်ကော်မတီ နာယက၊  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တိုက်တွန်း ပြောကြားလိုက်သည်။

“ကျွန်မတို့ရဲ့ အီလက်ထရောနစ် အုပ်ချုပ်မှု စနစ် မဟာဗျူဟာ စီမံချက်မှာ ရေးဆွဲထားတဲ့ မျှော်မှန်း ချက် အတိုင်း ကွန်ပျူတာ သုံးစွဲသူမှန်သမျှ မိုဘိုင်းဖုန်း သုံးစွဲသူမှန်သမျှ ယူနီကုဒ်ကို သုံးစွဲကြမယ် ဆိုရင် အစိုးရ၊ လုပ်ငန်း၊ ကုမ္ပဏီ၊ ပြည်သူတွေအကြား ဆက်သွယ်ရ  လွယ်ကူသွားမယ်၊ ဝန်ဆောင်မှု တွေ ပိုကောင်းသွားမယ်၊ ဒါ့ကြောင့် ဒီလုပ်ငန်း၊ ဒီခြေလှမ်း ဒီအရွေ့ကို တစ်ယောက်မကျန် လိုက်ပါ ဆောင်ရွက်ကြပါလို့ပရိသတ်တွေနဲ့အတူ ပြည်သူလူထုအားလုံးကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်” ဟု နေပြည်တော် MICC II ၌ ယနေ့ ကျင်းပသော  မြန်မာယူနီကုဒ် စံစနစ် ပြောင်းလဲ အသုံးပြုရေး အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။

မြန်မာ ယူနီကုဒ် စံစနစ် သုံးစွဲမှုသည် e-Government ဖွံ့ဖြိုး တိုးတက် ကောင်းမွန်ရေး မှာ မဖြစ်မနေ လိုအပ်သော လုပ်ငန်းတစ်ခု၊ ခြေလှမ်းတစ်ခု ဖြစ်ကြောင်း၊ e-Government ဆိုသည်မှာ အစိုးရဌာန များ၏ ဝန်ဆောင်မှုကို ပြည်သူလူထုထံ အမြန်ရောက်အောင် electronic နည်းပညာ အကူအညီယူ ဆောင်ရွက်သော စနစ်ဖြစ်ပြီး အစိုးရဝန်ကြီးဌာနနှင့် ၎င်းဌာန၏ အောက်ခြေ အဖွဲ့အစည်းများအကြား၊ အစိုးရ ဌာနအချင်းချင်း အကြား၊ အစိုးရျနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား၊ အစိုးရနှင့် ပြည်သူများ အကြား၊ စီးပွားရေး လုပ်ငန်း အချင်းချင်းအကြား၊ စီးပွားရေး လုပ်ငန်းနှင့် ပြည်သူ များအကြား၊ ပြည်သူ တွေ အချင်းချင်းအကြားမှာ ဆက်သွယ်ရေး စနစ်တူညီဖို့၊ ဘာသာစကားတူညီဖို့ မဖြစ်မနေ လိုအပ် ကြောင်း၊ ယူနီကုဒ်စနစ် သုံးခြင်းမှာ electronic အုပ်ချုပ်မှု စနစ် မဟာဗျူဟာ စီမံချက် (e-Govern- ment Master Plan) ၏ အရေးကြီးသည့် စံ သတ်မှတ်ရေး လုပ်ငန်းမှာ ပါဝင်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ  e-Government ဦးဆောင်ကော်မတီ ဥက္ကဌ ဒုတိယ သမ္မ ဦးမြင့်ဆွေ၊ e-Government လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ ပို့/ ဆက် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ အမျိုးသား စံချိန် စံညွှန်းကော်မတီ ဥက္ကဌ၊ ပညာရေး ဝန်ကြီဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးဇေယျာလှိုင် နှင့် ဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.