Connect with us

Science & Technology

ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ဘုရားပုထိုး စုစုပေါင်း ၃၆၂ ဆူကို လုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန်

ပုဂံဒေသရှိ ဘုရား စေတီပုထိုးများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ အနက် ယခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက်ထိန်းသိမ်းပြီးဖြစ်သော  ၁၃၈ ဆူ စုစုပေါင်း ၃၆၂ ဆူကို လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

၂၀၁၆ ခုနှစ် ၊ သြဂုတ်လတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေး စသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ ၃၈၉ ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့များ အနေဖြင့် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ်ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို စိစစ်ချက်အရ ပထမ ဦးစားပေး ပြုပြင် ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန်  ၅၃ ဆူနှင့် ပျက်စီးမှု အနည်းငယ်သာရှိသည့် တတိယဦးစားပေး ပြုပြင် ထိန်းသိမ်းမည့် ၃၀၀ ဆူအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117