Connect with us

Social

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ကျပ် သိန်း ၇,၀၀၀ခန့် သုံးစွဲကျင်းပသော ၁၄ ကြိမ်မြောက် ပန်းပွဲတော်စတင်

ပြင်ဦးလွင် ပန်းပြပွဲတွင် ခင်းကျင်းပြသ ထားသော ပန်းများအားတွေ့ရစဉ်( ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ကျပ် သိန်း ၇၀၀၀ခန့် သုံးစွဲကျင်းပသော ပန်းပွဲတော်ကို စတင်ကျင်းပလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြင်ဦးလွင်မြို့ ပန်းပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်အထိ တစ်လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဖွင့်လှစ်ပြသသည့် ပန်းပွဲတော်သည် ယခင်နှစ် များနှင့်မတူ ထူးခြားလှပကြောင်း၊ နယ်သာလန်နိုင်ငံ အခြေစိုက် IGMPR ကုမ္ပဏီနှင့် ပူးပေါင်းဆက်သွယ်၍ ပန်းပြကွက် ပုံစံဒီဇိုင်းများကို အပ်နှံပုံဖော်ထားကြောင်း၊ ပန်းပြကွက်များတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြကွက်များအပြင် နယ်သာလန်နိုင်ငံကိုယ်စားပြု ကြူးလစ် ပန်းပွင့်ပေါင်း ၆၅,၀၀၀ ပြကွက်များ၊ အီတလီနိုင်ငံ ကိုယ်စားပြု လီလီပန်းပွင့်ပေါင်း ၉၀,၀၀၀ ပြကွက်များ၊ UK နိုင်ငံကိုယ်စားပြု နှင်းဆီပန်း ၉၀,၀၀၀ ပြကွက်များ၊ ထူးထူးခြားခြားအနေဖြင့် ပန်းပွင့်ပေါင်း ၆,၀၀၀ ပါဝင်ပြီး လူတစ်ရပ်ကျော်ရှိသည့် နေကြာပန်းဝင်္ကပါပြကွက်များ စသည်ဖြင့် လှလှပပဝေဝေ ဆာဆာပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပန်းပွဲတော်ကို ပန်းပွင့်ပေါင်း ခြောက်သိန်း ကျော်၊ ကုန်ကျငွေကျပ်သိန်း ၇,၀၀၀ ခန့်ဖြင့် ကျင်းပသွားမည့်အပြင် နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေပွဲများ၊ ကုန်စည်ပြပွဲ နှင့် ဈေးရောင်း ပြပွဲများ၊ ဓာတ်ပုံပြိုင်ပွဲများ၊ ဒေသထွက်ကုန် အရောင်းဆိုင်များသာမက ပြင်ဦးလွင်မြို့၏ အမှတ် သင်္ကေတတစ်ခု ဖြစ်သည့် ရထားလုံး မြင်းလှည်းများကို လှပဝေဆာသော ပန်းပွင့်များ စီခြယ် မွမ်းမံလျက် မော်ဒယ် သရုပ်ဆောင်များနှင့် ဥယျာဉ်အတွင်း လှည့်လည်မောင်းနှင် နေသည့် ပြကွက်ကိုလည်း ပြသမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.