ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယနေ့ မွန်းလွဲ၁နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ခန်းမ(၄)၌ တိုက်ခန်း အိမ်ရာ ဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလား လမ်းလျှောက် ပြိုင်ပွဲကို ယနေ့နံနက် ၆နာရီက မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ နှစ်လယ်လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူများက ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် သီတင်းကျွတ် နှင့် တန်ဆောင်တိုင်ပွဲတော် ကာလ၌ မီးရှုးမီးပန်း၊ ဗြောက်အိုး၊ ရှုးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အတွင်းခရိုင်(၄)ခုရှိ မြို့နယ် (၁၇)မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် ကျေးလက် ဒေသများ သောက်သုံးရေ ရရှိရေးကို နည်းလမ်း (၅)သွယ်ဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
နေပြည်တော်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) လူထုဗဟိုပြု စီမံကိန်း၏ ဖွံ့ဖြိုးရေး အသီးအပွင့်များကို ကျေးရွာပေါင်း နှစ်သောင်းကျော်တို့က ရရှိခံစားနေနိုင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက လူထု ဗဟိုပြုစီမံကိန်း ပဉ္စမနှစ် နှစ်ပတ်လည် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော ပြည်ထောင်စုအဆင့်...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မြေတိုင်း အမှတ် (၁) နှင့် အမှတ် (၂) မြို့နယ် စီမံကိန်းမြေနေရာများကို စနစ်တကျ အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် မြို့ပြစီမံကိန်းအသစ် ပြန်လည်ရေးဆွဲရန် အတည်ပြု တိုင်းတာ သတ်မှတ်ရေးအဖွဲ့က ကွင်းဆင်းလေ့လာ ပြီး...
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်ငန်းပြတ် အလုပ်သမားများ၏ လုပ်ငန်းချိန်အတွင်းတွင် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ နာတာရှည် ရောဂါစွဲကပ်ခြင်းနှင့် အလုပ်လုပ်နိုင်သော အင်အားများ ဆုံးရှုံးခြင်းများအတွက် လျော်ကြေးပေးအပ် ထောက်ပံ့နိုင်ရန် မူဝါဒတစ်ရပ်အား ၁၆-၃-၂၀၁၅ ရက်နေ့မှ စတင်ပြီး အကောင်အထည်ဖော်...