Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေး ကူညီထောက်ပံ့ငွေအဖြစ် ကျပ် ၁၂၂၃သန်းကျော် ထောက်ပံ့

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေပေးခြင်း အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-လူကယ်ပြန်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၌ ရေကြီးရေ လျှံမှုကြောင့် ပျက်စီးမှုနှင့် လူမှုကာကွယ်စောင့်ရှောက် မှုအတွက် ကျပ် ၁၂၂၃သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မသန်စွမ်းသူ (၉,၅၇၈) ဦးအတွက် ကျပ်သန်း (၂၈၇ ဒမ ၃၄) ၊ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၂၁,၆၂၈) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ်သန်း (၆၄၈ ဒသမ ၈၄) သန်းနှင့် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအတွက် ကျပ်သန်း (၂၈၇ ဒသမ ၀၅) စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၂၂၃ ဒသမ ၂၃) သန်း ထောက်ပံ့ပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၌ ရေကြီးရေ လျှံမှုကြောင့် ပျက်စီးသွားသော မိုးစပါးများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ခြင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အမှာစကား ပြောကြားခဲ့သည်။

ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင် မိခင်ဝိုင်း (၅) ဝိုင်းစီ ဖွင့်လှစ်နိုင်ရေးအတွက် ငွေကျပ်သိန်း ခုနှစ်ဆယ်ငါးသောင်းခြောက်ထောင့်နှစ်ရာကို ပေးအပ်ခဲ့ပြီး ကလေးများအတွက် အာဟာရမုန့်များနှင့် အရုပ်များ ဝေငှခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117