ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသ တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည် လက်ခံရေး စခန်း(၂)ခုတွင် အသုံးပြုရန် ၂၀ ကေဗွီအေ မီးစက်(၂)လုံး ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၁၄၀၀၀လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မှာ မဟာသြင်္ကန်ပွဲတော် ကာလအတွင်း နယ်မြေလုံခြုံရေးကို တပ်ဖွဲ့ဝင် အင်အား ၁,၂၉ဝ ကျော်ဖြင့် အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း စည်းသုံးစည်းဖြင့်လုံခြုံရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မဟာသြင်္ကန်ပွဲတော်ရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများ လွှဲပြောင်းခြင်းနှင့် ပိတ်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ်မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး လမ်းလျှောက်သြင်္ကန်ကို နေရာသုံးခုတွင် စည်စည်ကားကား ကျင်းပသွားရန် ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာနှင့် လမ်းတံတားဌာနထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကန့်ဘလူမြို့နယ်မှ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်း ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြန်မာ့ရွှေသမင် ကောင်ရေစာရင်းကို မတ် ၂၈ ရက်မှ ၃ဝ ရက်အထိ ကွင်းဆင်း ကောက်ယူခဲ့ရာ သမင်ကောင်ရေ ၈၈၉ ကောင် စာရင်းကောက် ယူရရှိခဲ့ပြီး ၂ဝ၁၇...
နေပြည်တော်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သား ၂၀ ဦးတို့အတွက် နစ်နာကြေး များပေးအပ်ပွဲကို နေပြည်တော် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတွင်...
ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ပစ္စည်းများအား တားဆီး စစ်ဆေးအရေးယူလျက်ရှိရာ မတ်လ တစ်လတာအတွင်း အကောက် ခွန်မဲ့ ပစ္စည်း ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကာလအတွင်း ရထားစီးခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပုံမှန်ပြေးဆွဲလျက်ရှိသော ရထားတွဲဆိုင်း များအပြင် သြင်္ကန်အထူးရထားတွဲဆိုင်းများ အား ဧပြီ ၁ဝ ရက်မှ စတင်ကာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတွင်း အများပြည်သူ အနားယူနိုင်စေရန်အတွက် ရန်ကုန်မြို့ ပြည်လမ်းဘေးရှိ အင်းလျားကန်ပေါင်၌ ထီးအလက် ငါးရာတပ်ဆင်ထားကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) သြင်္ကန် ကာလ အတွင်း ရန်ကုန်မြို့နေ ပြည်သူများ နှင့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပ အခြား တိုင်းဒေသကြီး ၊ ပြည်နယ် များသို့သွားရောက် လိုသည့် ခရီးသွား ပြည်သူများ အတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများ နှင့်...