Connect with us

Social

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်း စတင် ဆောင်ရွက်နေ

နေပြည်တော်-ပဲခူးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး လုပ်ငန်း ဆောင်ရွက် နေမှုများအား ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့  လိုက်လံ ကြည့်ရူနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

ရန်ကုန်-တောင်ငူ ရထား လမ်းပိုင်းအား အဆင့် မြှင့်တင်ခြင်း လုပ်ငန်း စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သံလမ်း၊ ကွန်ကရစ်ဇလီဖားနှင့် အချက်ပြ စနစ်များအား လဲလှယ်ဆောင် ရွက် သွားမည် ဖြစ်ပြီး အချိန်မီ ပြီးစီးနိုင်ရန် အတွက်လိုအပ်သည့် ကွန်ကရစ် ဇလီဖား၊ ကျောက်နှင့် သံလမ်း များအား လုပ်ငန်းခွင်သို့ ရောက်ရှိစေရေး၊ ရထားလမ်းပိုင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက် နေစဉ် ရထားအချိန်များ ပြောင်းလဲပြီး လမ်းပိုင်းများ အား ပြုပြင်ရမည်ဖြစ်သဖြင့် ရထားကြန့်ကြာ မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ခရီးသွားပြည်သူများ၏ အခက်အခဲများကိုဝန်ထမ်းများ အနေဖြင့် တတ်စွမ်းသရွေ့ ကူညီပေး ကြရန် လိုကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နေပြည်တော်-ပဲခူးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး လုပ်ငန်း ဆောင်ရွက် နေမှုများအား လိုက်လံ ကြည့်ရှု စစ်ဆေးစဉ် ပြောကြားခဲ့သည်။

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး သွားပါက ကီလို မီတာ (၁၀၀) နှုန်းဖြင့် ပြေးဆွဲ ပေးနိုင်တော့မည် ဖြစ်၍ ခရီးသွားပြည်သူများအား သွားလိုရာဒေသ အသီးသီးသို့ အချိန်တို အတွင်း ပို့ဆောင် ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.