Connect with us

Social

အိမ်ရာဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၌ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက် အမှာစကားပြောကြား

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့် အိမ်ရာဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အမှာစကားပြောရာတွင် ကမ္ဘာကြီးတွင် မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှုန်းသည် အရှိန်အဟုန်နှင့် ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ၏ စစ်တမ်းများရှိကြောင်း၊ နိုင်ငံ၏လူဦးရေ ၃၀ရာခိုင်နှုန်းခန့်မှာ မြို့ပြ၌ လာရောက်နေထိုင်သည်ဟုဆိုကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြို့ပြကို လာရောက်နေထိုင်မှုနှုန်းများသည် တိုးပွားလာကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် ရန်ကုန်မြို့တော်ကိုရွှေ့ပြောင်းနေထိုင်လာ သူများလည်းရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တော်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှု တစ်ဖက်ကဆောင်ရွက်နေသကဲ့သို့ ရန်ကုန်မြို့ကိုပြင်ပမှ ဝိုင်းရံထားသည့် စည်ပင်သာယာနယ်နိမိတ်ပြင်ပ (၁၁) မြို့နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်စီစဉ်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ “တိုက်ခန်းတွေရောင်းမကောင်းဘူးလို့ လူတွေကပြောနေပေမယ့် တိုက်ခန်း လိုအပ်နေတဲ့သူတွေ သိန်းနဲ့ချီ ရှိနေတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီဥစ္စာကိုစနစ်တကျ တည်ဆောက်ပေးနိုင်မယ်ဆိုရင် ဒီဈေးကွက်ဟာ လာရောက်ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအတွက်ရော ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်ရော အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နေထိုင်နေတဲ့ အိမ်ရာမရှိတဲ့သူတွေအတွက်လည်း အခွင့်အလမ်းကောင်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရာတွေကို စီမံပေးနိုင်ဖို့ ငွေရေးကြေးရေးကဏ္ဍတစ်ခုကို စနစ်တကျလုပ်ပေးနိုင်ဖို့၊ နောက်တစ်ခုက ဥပဒေနဲ့အညီ အိမ်ရာတွေကို ထိန်းသိမ်းနိုင်ဖို့ မူဝါဒတွေနဲ့အညီ ကျွန်တော်တို့ရဲ့မြို့ပြကို တည်ဆောက်သွားနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဝန်ကြီး ချုပ်ကပြောသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ က ပူးတွဲစီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.