Connect with us

Social

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက် အထိ အချိန် တိုးမြှင့် ဖွင့်လှစ်ရန် စီစဉ် လျက်ရှိ

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)တွင် အများပြည်သူများ ကြည့်ရှုနိုင်ရန် ပြင်ဆင်ဆောင် ရွက်နေမှုများအား တာဝန်ရှိသူများ လိုက်လံ စစ်ဆေး နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

(၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)ကို ဇူလိုင် ၁၉ ရက်မှ ၂၁ရက်အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆)နာရီအထိ ဖွင့်လှစ်ပြသသွားရန် စီစဉ် လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း(တာဝါ လိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့ နှင့် အစိုးရရုံးပိတ်ရက်မှလွဲ၍ ကျန်ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပုံမှန် ဖွင့်လှစ်ပြသလျက် ရှိရာမှ အာဇာနည်နေ့ အခမ်းအနား အတွက် ထိုကဲ့သို့စီစဉ်လျက် ရှိကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ၊ နှစ် (၇ဝ)ပြည့် အာဇာနည်နေ့ တစ်ရက်တည်း၌ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လေ့လာ ကြည့်ရှုသူ ပြည်သူ ၃၂၂၆၈ ဦး ရှိခဲ့သဖြင့် ယခုနှစ် အတွက် အဆောက်အဦ၏ ခံနိုင်ဝန်နှင့် ကြံ့ခိုင်မှုအရ ဘေး အန္တရာယ် ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ အကြံပြုချက်အရ ၂ဝ၁၈ ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ပြတိုက် မြေညီထပ်ကိုသာ အများပြည်သူများ ဝင်၊ ထွက် ကြည့်ရှုစေပြီး ပထမထပ်ရှိ ပြခန်းများ ခင်းကျင်းထားရှိ မှုကို LED Board ဖြင့် ခြံဝင်းအတွင်း ၌ ပြသရန် စီစဉ်ထားရှိကြောင်းနှင့် ဇူလိုင် ၂၂ ရက်မှစ၍ တနင်္လာနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ ကျန်နေ့များတွင် သတ်မှတ် အချိန်အတိုင်း ပြတိုက်၏ မြေညီထပ်နှင့် အပေါ်ထပ်ကို ပုံမှန်အတိုင်း ဖွင့်လှစ် ပြသ သွားရန် စီစဉ် ထားရှိကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ ကြံ့ခိုင်မှုကို မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းမှ အထူးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်း နှင့် အဖွဲ့က စစ်ဆေးခဲ့ရာ အဆိုပါ အဆောက်အဦမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနေထိုင်ရန်သာ ဆောက်လုပ်ထားသော အဆောက်အဦ ဖြစ်ခြင်း၊ သက်တမ်းအားဖြင့် ၉၇ နှစ် ရှိပြီဖြစ်ခြင်း၊ ပထမထပ်မှာ ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့် ဘေးအန္တရာယ်ရှိနိုင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.