ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်သည် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများအပေါ် အကျိုးပြုမှု သိရှိနိုင်စေရန် မြစ်ကြောင်းတစ်လျှောက်၌ လေ့လာနေကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (WWF-Myanmar) မှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ယခင် စီးပွားရေး ယန္တရား အသစ်များကိုလည်း ဖိတ်ခေါ်ရမှာ ဖြစ်ကြောင်း NRPC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။
နေပြည်တော် အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနယ်ပယ်များတွင် ပိုမို ရင်းနှီးမြှုပ်နှံမှုများ စီမံဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဗန်ထီးယူက ယနေ့နံနက် ပြောခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ငြိမ်းချမ်းရေးဂီတပွဲတော် Level(1)ကို မြို့ကြီး ၁၁ မြို့၌ ဇူလိုင် လမှစတင်၍ ကျင်းပခဲ့ရာ ဒေသ လက်ရွေးစင် ၃၆ ဦးကို အပြီးသတ် ရွေးချယ်နိုင်ခဲ့ပြီး ၎င်းတို့သည် Level(2) တွင် အဖွဲ့ လေးဖွဲ့ခွဲ၍ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့နေ ပြည်သူလူထု နိစ္စဓူ၀ အသုံးစရိတ်များတွင် တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်များ ရှားပါးနေသောကြောင့် ဝန်ထမ်းများအား လစာငွေထုတ်ပေးရာတွင် အဆိုပါငွေစက္ကူများ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်နှင့် ကျန်ရှိဘဏ်များက ငွေစက္ကူများ ထုတ်ပေးခြင်းအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ (၄၆.၅%) သည် ကလေးသူငယ်နှင့်လူငယ်လူရွယ်များဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကလေးသူငယ်နှင့်လူငယ်လူရွယ် (၂၄.၅) သန်းနှင့်၂၀၄၄ခုနှစ်တွင်(၂၃.၁)သန်းသာရှိမည် ဟု ခန့်မှန်းထားကြောင်း ကလေးသူငယ် နှင့် လူငယ်လူရွယ်အကြောင်းအရာ သုတေသနစာတမ်းတွင် ပါရှိသည်။
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်မြစ်ကြောင်းမှတဆင့် လူများကို သယ်ယူပို့ဆောင်မှု အပြင် ကုန်စည်များအား သယ်ယူနိုင်ရန်ကြိုးစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ပြုလုပ်သည့် Yangon water Bus ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူ ရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂ဝ၁၇ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ ဒသမ ၃၉ သန်း ဖြစ်ကြောင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ အရှေ့ခြမ်းမျောက်လွှဲကျော် မျက်ခုံးဖြူ၊ အနောက်ခြမ်း မျောက်လွှဲကျော် မျက်ခုံးဖြူနှင့် မျောက်လွှဲကျော် လက်ဖြူဟူ၍ မျောက်လွှဲကျော် မျိုးစိတ်သုံးမျိုးတွေ့ရပြီး အနောက်ခြမ်းမျောက်လွှဲကျော် မျက်ခုံးဖြူနှင့် မျောက်လွှဲကျော်လက်ဖြူတို့သည် မျိုးသုဉ်းရန် အန္တရာယ် ရှိသော မျိုးစိတ် (Endangered Species) အဖြစ်လည်းကောင်း၊ အရှေ့ခြမ်းမျောက်လွှဲကျော်...
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကြီးမှူးကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံနှင့် ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။