Connect with us

Social

မြေပုံမြို့ နှင့် မင်းပြားမြို့ကို ဆက်သွယ်မည့် ကြပ်စင်မြစ်ကူးတံတား ၆၅ရာခိုင်နှုန်း ပြီးစီး

မြေပုံမြို့ နှင့် မင်းပြားမြို့ကိုဆက်သွယ်ထားသော တံတားတည်ဆောက်မှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြေပုံမြို့ နှင့် မင်းပြားမြို့ကို ဆက်သွယ်မည့် ကြပ်စင်မြစ်ကူးတံတား တည်ဆောက်မှုသည် ၆၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါတံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရာနှုန်းပြည့် ပြီးစီး အောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် လမ်းဦးစီးဌာန၏ ကြီးကြပ် မှုဖြင့် တံတားတည်ဆောက်ရေး အထူးအဖွဲ့-၈ က တာဝန်ယူဆောက် လုပ်လျက် ရှိကြောင်း သိရသည်။

ယင်းတံတားတည်ဆောက်ရန်၂ဝ၁၄-၂ဝ၁၅ မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ ရန်ပုံငွေ ရရှိမှုသည် ပြည်ထောင်စုအစိုးရထံမှ ငွေ ကျပ်သန်း ၉ဝဝ၊ ရခိုင်ပြည် နယ် အစိုးရထံမှ ငွေကျပ်သန်း ၁၉၃၄ ဒသမ ၁၈၇ သန်း နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရထံမှ ငွေကျပ် သန်း ၁၅ဝဝ၊ ရခိုင်ပြည် နယ် အစိုးရအဖွဲ့ထံမှ ငွေကျပ်သန်း ၁ဝဝဝတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားအမျိုးအစားသည် သံမဏိ သံပေါင် (Plate Girder) သံကူ ကွန်ကရစ် ရက်မ၊ သံကူကွန်ကရစ် ကြမ်းခင်း၊ တံတားအပေါ်ထည် သံကူ ကွန်ကရစ်၊ တံတားအောက်ထည်သံကူကွန်ကရစ်ဘိုးပိုင်ဖြစ်ပြီး တံတားအရှည်သည် ပေ ၁၉၂ဝ၊ တံတားအကျယ် ပေ ၃ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွား လမ်း အကျယ် တစ်ဖက်လျှင် သုံးပေနှင့် ခွင့်ပြုယာဉ်အလေးချိန် ယာဉ်တစ်စီး ချင်း ၇၅ တန် ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117