Connect with us

Social

ငါးသိုင်းချောင်းမြို့ ငဝန် ရေကာတာ အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်

ငဝန် ရေကာတာ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုချက် ရန်ပုံငွေဖြင့် ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာ တာမိုင်အရှည် စုစုပေါင်း ၁၇ မိုင် အတွင်း ၂၀၁၈ ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ရေကာတာ အဆင့် မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ငဝန်ရေကာတာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီးစီးပါက ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အပါအဝင် ပုသိမ် ခရိုင် အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်ရှိ ရေဘေးကာကွယ်မှု ဧရိယာဧက (၂၁၀၀၀၀)ကျော်တွင် ပိုမိုဘေးကင်း လုံခြုံစိတ်ချရသော ရေဘေးကာကွယ်မှုကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို အဆင့်မြှင့်တင် ခွင့်ပြု တာမိုင်အရှည် စုစုပေါင်း ၁၇ မိုင်တွင် မြေသားတာ၊ ခြေထောက်တာထိပ်မြှင့်လုပ်ငန်း ငါးသိုင်းချောင်းမြို့အပြင် ၁၅ မိုင်ခွဲနှင့် မြို့တွင်း ကွန်ကရစ်မြေထိန်းနံရံ ၁ မိုင်ခွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြို့တွင်းပိုင်းသို့ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ မြို့ပြင် ရေကာတာ လုပ်ငန်းများတွင် ၃၅ ရာနှုန်း ပြီးစီးပြီဖြစ်ပြီး ရေဘေးကာကွယ်ရေးအတွက် လိုအပ်သော မိုးရေထုတ်မြောင်းတူးဖော်ခြင်း၊ ချောင်းကောမြောင်းကောများ တူးဖော်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလ ငဝန်မြစ်ရေကြီးမြင့်စဉ် ကာလအတွင်း ရေကြည်မြို့နယ်အတွင်း ငဝန်မြစ်ကမ်း တစ်လျှောက်နှင့် ရေကာတာ တစ်လျှောက်ရှိ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ် အစရှိသည့်မြို့များ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ၊ မိုးစပါးသီးနှံစိုက်ဧကများ၊ လမ်းတံတား အဆောက် အဦများနှင့် အခြားကုန်စည် စီးဆင်း ဆက်သွယ်သွားလာရေး လုပ်ငန်းများမှာ နှစ်ပေါင်းများစွာ ငဝန်မြစ်ရေတိုက်စားမှုနှင့် မြစ်ကြောင်းများ ပြောင်းလဲလာမှု၊ မြစ်ရေကြီးမြင့်မှုကြောင့် ငဝန်ရေကာတာ ကြံ့ခိုင်မှု ယိုယွင်းခဲ့သည့် အခြေအနေများ၊ ရေကာတာယိုစိမ့်မှု အခြေအနေများ ဖြစ်ပေါ်ခဲ့၍ စိုးရိမ်မကင်းဖြစ်မှုနှင့် ဆက်သွယ် သွားလာရေး အခက်အခဲများ၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.