Connect with us

Social

မျိုးသုဉ်းပျောက်ကွယ်တော့မည့် မိန်ကောင်ပေါက်သုံးကောင်သဘာဝအတိုင်း မူရင်းအသိုက်သို့ ပြန်လည်ပို့ဆောင်

မိန်ကောက်ပေါက်သုံးကောင်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

မျိုးသုဉ်းပျောက်ကွယ်တော့မည့် မိန်ကောင်ပေါက်သုံးကောင်သဘာဝအတိုင်း ရှင်သန်ရန် မူရင်းအသိုက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ကန့်ဘလူခရိုင် ကျွန်းလှ မြို့နယ် ထိန်တောကျေးရွာ နေ တောင်သူတစ်ဦး လယ်တောသို့ သွားစဉ်ဗြုန်း ချောင်းတံတား အနောက် ဘက် သက္ကယ်တောထဲတွင် ဇန်နဝါရီ ၁၅ရက်က တွေ့ရှိ ဖမ်းမိသော မြန်မာအခေါ် ငှက်ဆိုးဟုခေါ်သော မိန် ကောင်ပေါက် သုံးကောင်ကို မူရင်းအသိုက်သို့ ပြန်လည် ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

တွေ့ရှိသောမိန်ကောင်မျိုးကို ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ၁၅(က)အရ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းမျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ် ရမည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် လုံးဝကာကွယ် ထားသောငှက်စာရင်း တွင် ပါဝင်ကြောင်းသားငှက်ထိန်းသိမ်းရေးဌာန၏ ရှာဖွေတွေ့ရှိချက်များတွင်ပါဝင် သည်။ ထို့ပြင်InternationalUnion For Conservation Of Nature(IUCN)Red List တွင် Least Concern (မျိုးသုဉ်းရန် စိုးရိမ်ရသောမျိုးစိတ်)စာရင်း တွင် ပါဝင်ကြောင်းသိရသည်။

ငှက်သားပေါက် သုံးကောင်မှာ အသိုက်နှင့်ကင်းကွာခဲ့သည်မှာ တစ်ရက်ခန့် သာရှိသေးကြောင်းတွေ့ရသည့်အတွက် မိခင်နှင့်ပြန်တွေ့ပြီး သဘာဝအတိုင်း ဆက်လက်ရှင်သန် ကျက်စားနိုင်ရန်အတွက် မူရင်းအသိုက်သို့ ပြန်ထားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.