Connect with us

Social

ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၌ ရွှေသမင်စာရင်းများ ကောက်ယူခြင်းကို မတ်လတွင်ပြုလုပ်မည်

တိရစ္ဆာန်ဘေးမဲ့တော၌ ကျက်စားနေသော ရွှေသမင်များအားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ရွေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၌ ၂ဝ၁၈ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် ရွှေသမင်စာရင်းများ ကောက်ယူမည်ဖြစ်ကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

မြန်မာ့မျိုးစိတ် ရွှေသမင် (Rucervuseldii) အား ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၌ ၂ဝ၁၇ ခုနှစ် မတ်လတွင် စာရင်းများကောက်ယူခဲ့ရာ ဆယ်နှစ်တာကာလအတွင်း ရွှေသမင်ကောင်ရေ နှစ်ဆနီးပါး တိုးပွားလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၁၇ ခုနှစ် မတ်လ နောက်ဆုံးကောက်ယူခဲ့သည့် စာရင်းအရ သမင်ကောင်ရေစာရင်း တွက်ချက်မှု ၁၄၅၆ ကောင်ဖြစ်ပြီး ပိုနိုင်၊ လျော့နိုင်သော အရေအတွက်ပမာဏသည် ၂၂၄ ကောင်ရှိနိုင်ကြောင်း သိရသည်။၂ဝ၁၇ ခုနှစ်တွင် ရွှေသမင်ကောင်ရေ စာရင်း ကောက်ယူနေစဉ်အတွင်း သမင်ထောင်သည့် ကွင်းများတွေ့ရ၍ ဖြုတ်ခြင်း၊ သိမ်းဆည်းခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း၊ သမင်မုဆိုးများကို သုံးကြိမ်ခန့် အရေးယူနိုင်ခဲ့ပြီး နီးစပ်ရာကျေးရွာများတွင် ပညာပေးခြင်းများ လုပ်ဆောင် နေသဖြင့် သမင်ကွင်းထောင်ဖမ်းဆီးမှုများလည်း ကျဆင်းလာကြောင်း စာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.