Connect with us

Sport

ပဏာမ မြန်မာ ယူ၁၈ အသင်း တရုတ်နိုင်ငံ ၊ ကွမ်ကျိုးမြို့သို့ သွားရောက်ကာ ပူးတွဲလေ့ကျင့်ရေးများ ပြုလုပ် သွားမည်

ပဏာမ မြန်မာ ယူ၁၈ အသင်း လေ့ကျင့်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

၂၀၁၇ အာဆီယံ အသက်(၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲ နှင့် ၂၀၁၈ အာရှ အသက်(၁၉)နှစ်အောက် ဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပဏာမ မြန်မာ ယူ၁၈ အသင်းသည် ဒီဇင်ဘာလ ၈ ရက် မှ ၂၇ရက် အထိ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့သို့ သွားရောက်ကာ ပူးတွဲလေ့ကျင့်ရေးများ ပြုလုပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

ယခုသွားရောက်မည့် ပူးတွဲ လေ့ကျင့်ရေး ခရီးစဉ်သို့ ပဏာမ မြန်မာယူ၁၈ အသင်းမှ အကောင်းဆုံးကစားသမား ၂၅ ဦးနှင့်အတူ အုပ်ချုပ်နည်းပြ ၇ ဦး၊ စုစုပေါင်း ၃၂ ဦးသွားရောက်မည် ဖြစ်ပြီး ရက် ၂၀ ကြာ နေထိုင်စဉ် ကာလ အတွင်း ခြေစွမ်းကောင်းမွန်သော အသင်းများနှင့် အနည်းဆုံး ခြေစမ်းပွဲ ၆ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ အာဆီယံ အသက်(၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲ နှင့် ၂၀၁၈ အာရှ အသက်(၁၉)နှစ်အောက် ဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များအား ၂၀၁၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အသီးသီး ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.