ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) မြန်မာ ယူ-၁၈ ဘောလုံးအသင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ယခုလလယ်ပိုင်းတွင် စတင်ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အာရှယူ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ၁၉အမျိုးသမီးအသင်းနှင့် သြစတြေးလျ ယူ၁၉ အမျိုးသမီးအသင်းတို့ ည ၇နာရီ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) အာရှ ယူ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ ဧပြီလ ၁၈ရက်နေ့က ရောက်ရှိခဲ့ပြီး ယနေ့ ဧပြီလ ၁၉ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်လျက်ရှိကြောင်း...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် အုပ်စု(က)ပထမ ရသဖြင့် တတိယအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး ထိုင်း၊ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဧပြီလတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအကြို ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မတ်လ ၂၁ရက့်နှင့် မတ်လ ၂၃ရက် တို့တွင် ဘောလုံးခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ကစားသွားမည်...
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော် အား၂၀၁၉ခုနှစ် မှ ၂၀၂၃ခုနှစ်အထိ အထိ ရွေးချယ် တာဝန်ပေးခြင်းခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ အုပ်စု (I) ကို မတ်၂၂ရက်မှ ၂၆ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မန္တလာသီရိကွင်း တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U-16 Women’s Championship 2019 ဘောလုံးခြေစစ်ပွဲစဉ် ဒုတိယအဆင့်ပွဲများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပခဲ့သည့် National Sport Seminar ၏ ရလဒ်များအတိုင်း အမြန်ဆုံး ဆောင်ရွက်ရန်အရေးကြီးကြောင်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် နီပေါအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့သည့် အောင်ပွဲရ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်၊ ယနေ့...