Connect with us

Sport

2019 Egypt International ပြိုင်ပွဲဒုတိယပွဲစဉ်တွင် သက်ထားသူဇာက အိန္ဒိယပြိုင်ဘက် ကို နှစ်ပွဲပြတ်နှင့်အနိုင်ရရှိ

ကြက်တောင်မယ် သက်ထားသူဇာအားတွေ့ရစဉ် (ဓာတ်ပုံ-- သက်ထားသူဇာ FB)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ  ဒုတိအဆင့်ပွဲစဉ်  ကို အောက်တိုဘာ ၁၈ ရက်တွင်  ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာကြက်တောင်မယ် သက်ထားသူဇာ က တစ်ဖက်ပြိုင်ဘက် အိန္ဒိယ ကြက်တောင်မယ်အား နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

 သက်ထားသူဇာသည် အိန္ဒိယနိုင်ငံ မှ ကြက်တောင်မယ် Ritika THERKA အား ပထမပွဲစဉ် တွင် ၂၁ မှတ် ၁၇ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယ ပွဲစဉ်တွင် ၂၄ မှတ် ၂၂ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

သက်ထားသူဇာကအောက်တိုဘာလ၁၈ ရက်တွင် နှစ်ပွဲယှဉ်ပြိုင် ခဲ့ရာ၌နှစ်ပွဲလုံး အနိုင်ရခဲ့ကြောင်းသိရသည်။ 

သက်ထားသူဇာ အနိုင်ရရှိသည့် အမှတ်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ– Egypt International 2019) 

ပထမပွဲတွင် သက်ထားသူဇာက အီဂျစ်ကြက်တောင်မယ်အား ၂၁-၄၊ ၂၁-၇ တို့ဖြင့်နှစ်ပွဲပြတ်နိုင်ကာ ဒုတိယပွဲ တွင်လည်း အိန္ဒိယ မှကမ္ဘာ့အဆင့် ၁၉၇ ရှိ ကြက်တောင်မယ်အား ၂၁- ၁၇၊၂၄-၂၂ ဖြင့်အကြိတ်အနယ်ကစားကာနှစ်ပွဲပြတ်ဖြင့်ပင်အနိုင်ရ ရှိခဲ့ကြောင်းသိရသည်။

သက်ထားသူဇာက အောက်တိုဘာလ ၁၉ ရက် Quarterfinals ပွဲစဉ် ကို  မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီ ခန့်တွင် ကမ္ဘာ့အဆင့် ၃၀၂ ရှိ အိန္ဒိယကြက်တောင်မယ်Kanika Kanwal နှင့် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ (Xinhua)