Connect with us

Sport

2019 Egypt International ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှကြက်တောင်မယ် သက်ထားသူဇာ ဆီမီးဖိုင်နယ်သို့တက်ရောက်

သက်ထားသူဇာအားတွေ့ရစဉ် (ဓာတ်ပုံ--သက်ထားသူဇာFB)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲတတိယအဆင့်ပွဲစဉ် ကို အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပခဲ့ရာ မြန်မာကြက်တောင်မယ် သက်ထားသူဇာ က ပြိုင်ဘက်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အိန္ဒိယနိုင်ငံ မှ ကြက်တောင်မယ် Kanika Kanwal အား ပထမပွဲစဉ် တွင် ၂၁ မှတ် ၁၄ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယ ပွဲစဉ်တွင် ၂၁ မှတ် ၁၇ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

အောက်တိုဘာလ၁၈ ရက်က နှစ်ပွဲယှဉ်ပြိုင် ခဲ့ရာတွင်နှစ်ပွဲလုံး အနိုင်ရခဲ့ကြောင်းသိရသည်။

 

သက်ထားသူဇာ၏ ရမှတ်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ– Egypt International 2019)

ပထမပွဲတွင် သက်ထားသူဇာက အီဂျစ်ကြက်တောင်မယ်အား ၂၁-၄၊ ၂၁-၇ တို့ဖြင့်နှစ်ပွဲပြတ်နိုင်ကာ ဒုတိယပွဲ တွင်လည်း အိန္ဒိယ မှကမ္ဘာ့အဆင့် ၁၉၇ ရှိ ကြက်တောင်မယ်အား ၂၁- ၁၇၊၂၄-၂၂ ဖြင့်အကြိတ်အနယ်ကစားကာနှစ်ပွဲပြတ်ဖြင့်ပင်အနိုင်ရ ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)