ဘိုဂိုတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဖောက်ရန် ကြိုးပမ်းမှုကြောင့် အကျဉ်းသား ၂၃ ဦးသေဆုံးပြီး အခြားသူ ၈၃ ဦးဒဏ်ရာရရှိခဲ့ကာ ယင်းအနက် ၃၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း တရားရေးဝန်ကြီး မာဂရီတာ ကာဘယ်လို (Margarita Cabello)...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup (အေအက်ဖ်စီဖလား) ပြိုင်ပွဲ ကို COVID-19ကြောင့် ဧပြီလကုန်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က တာဝန်ရှိသူတစ်ဦး က ဆင်ဟွာ သို့ မတ် ၂၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ လူ၂ ဦး သေဆုံးပြီး ၂ ဦး စိုးရိမ်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။
ဇာဂရက်ဘ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်ဘ်တွင် မတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၀၆:၂၄ နာရီက အင်အား ၅.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဥရောပ မြေထဲပင်လယ်ဒေသဆိုင်ရာ ငလျင်စင်တာအရ သိရသည်။
ဘာလင်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲသည် COVID-19 ရောဂါပိုးကူးစက်ခံထားရသော ဆရာဝန်တစ်ဦးနှင့် မတ် ၂၀ ရက်က တွေ့ဆုံခဲ့ပြီးနောက် ၎င်းကိုယ်တိုင် တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတက်ဖန် စိုင်းဘတ် (Steffen Seibert) က မတ် ၂၂ ရက်တွင်...
ပေကျင်း၊ မတ် ၂၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏COVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံအစိုးရက ကပ်ရောဂါတိုက်ဖျက်ရေး ပညာရှင်အဖွဲ့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) နှင့် မယ်ဆိုင် တာချီလိတ် အမှတ်(၂) မယ်ဆိုင်ချောင်းကူးတံတားတို့မှ COVID-19 ရောဂါကင်းရှင်းသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးစီသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၃ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း...
နယူးဒေလီ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ကပ်ရောဂါ ပြန့်ပွားမှုကိုကာကွယ်ရန် န္ဒိယနိုင်ငံ မြို့တော် နယူးဒေလီကို မတ် ၂၃ ရက် ဒေသစံတော်ချိန် ၆:၀၀ နာရီမှစ၍ မတ် ၃၁ ရက် ၂၄:၀၀ အထိ မြို့ပိတ်လိုက်ပြီဖြစ်ကြောင်း၊ လူနေမှုအတွက်လိုအပ်သည့် အခြေခံစက်မှုလုပ်ငန်းများသာ လည်ပတ်မည်ဖြစ်ကြောင်း နယူးဒေလီ မြို့ဝန်ကြီးချုပ် ...
ပေါ်တို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) COVID-19 ကူးစက်မှုဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားရသည့် ပေါ်တူဂီနိုင်ငံ၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း မလိုက်နာသည့်ပြစ်မှုအတွက် လူ ၇ ဦးအား ပေါ်တူဂီလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း ပေါ်တူဂီအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက မတ် ၂၂ ရက်တွင် ပြောကြားလိုက်သည်။