Connect with us

Social, Education & Health

တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တွန်းအားပေး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Sinovac သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်၏ ထုပ်ပိုးရေးစက်ရုံတွင် COVID-19 ကာကွယ်ဆေးသေတ္တာသယ်ဆောင်နေသည့် ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်သူများအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရေး ပံ့ပိုးပေးလျက်ရှိကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ Mao Junfeng က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။နိုင်ငံပေါင်း ၈ နိုင်ငံတွင် တရုတ်စီးပွားရေးလုပ်ငန်း ၃ ခုက ပူးတွဲကာကွယ်ဆေးထုတ်လုပ်ရေးကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ ၁၀ နိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးလျက်ရှိကြောင်း Mao က ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ကာကွယ်ဆေးထုတ်လုပ်သူများကို ဖွံ့ဖြိုးဆဲနိုင်ငံများအား နည်းပညာလွှဲပြောင်းမှု ပိုမိုဆောင်ရွက်ရန် ဆက်လက်တိုက်တွန်း တွန်းအားပေးသွားမည်ဖြစ်ကြောင်း Mao က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်မှုလမ်းစဉ်များနှင့် ဆေးညွှန်းပုံစံများဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြုမှုအတွက် တက်ကြွစွာ လျှောက်ထားရေးနှင့် အခြားသောနိုင်ငံများကို ကာကွယ်ဆေးများ ပိုမိုပံ့ပိုးနိုင်ရန် ကြိုစားပမ်းအားထုတ်မှုများအား နှောင့်နှေးခြင်းမရှိရေး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

…………………………………………
(English Version)

China encourages international cooperation on vaccine production

BEIJING, June 7 (Xinhua) — China has supported vaccine manufacturers to take part in international cooperation, said Mao Junfeng, an official from the Ministry of Industry and Information Technology, in an interview.

Mao said that three Chinese enterprises have carried out joint vaccine production with eight countries, while they are discussing cooperation issues with 10 countries.
China will continue to encourage its vaccine manufacturers to transfer technology to more developing countries, Mao said.

The country will also support these firms in actively applying for the World Health Organization’s certification for more production lines and dosage forms, and sparing no efforts to provide more vaccines to other countries, he added. Enditem

A staff member carries a box of COVID-19 vaccines at a packaging plant of Sinovac Research and Development Co., Ltd. in Beijing, capital of China, Jan. 6, 2021. (Xinhua/Zhang Yuwei)