Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂါပြည်နယ်တွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိ

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်၏ ကမ်းခြေကို “Yas”ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက် ဘန်ဂါပြည်နယ် နေရာအများအပြားတွင် ဇွန်(၇)ရက် မိုးကြိုးမုန်တိုင်းရာသီဥတု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၂၀) ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သလို လူ (၃)ဦး ဒဏ်ရရှိခဲ့ကြောင်း သိရသည်။မိုးကြိုးမုန်တိုင်းဖြစ်ပွားသည့် ယင်းနေ့တွင် အနောက်ဘန်ဂါပြည်နယ်၌ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ရာ ၎င်းအနက် Murshidabad နှင့်Hooghlyနေရာနှစ်ခုတွင် အများဆုံးဖြစ်ပြီး မိုးကြိုးကြောင့် လူ (၉)ဦးစီ သေဆုံးခဲ့ရကြောင်း သိရသည်။ ဒဏ်ရာရသူများအား ဆေးကုသပေးရန် ဒေသန္တရဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ယင်းနေ့တွင်ပင် သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ဒဏ်ရာရသူများအား ငွေကြေးပံ့ပိုးပေးမည်ဟု ကြေညာခဲ့သည်။

နှစ်စဉ် ဇွန်လမှ စက်တင်ဘာအထိကာလသည် အိန္ဒိယနိုင်ငံ၏ မုတ်သုန်မိုးရာသီဖြစ်ရာ မိုးကြိုးမုန်တိုင်းရာသီဥတုမကြာခဏဖြစ်ပွားလေ့ရှိပြီး မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးဒဏ်ရာရမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(社会)印度西孟加拉邦至少20人因雷击死亡

新华社新德里6月7日电(记者姜磊)印度西孟加拉邦多地7日遭遇雷雨天气,至少20人因雷击死亡,另有3人受伤。
据印度媒体报道,雷雨天气当天在西孟加拉邦造成多人伤亡,其中穆尔希达巴德和胡格利两地死伤人数最多,各有9人遭雷击死亡。伤者已被送往当地医院救治。
印度总理莫迪当天向遇难者表示哀悼,并宣布向遇难者家属和伤者提供救助金。
印度每年6月至9月是季风雨季,雷电暴雨天气频发,雷击造成人员伤亡情况时有发生。(完)

图说:5月27日,热带气旋“亚斯”掀起的巨浪拍打着印度西孟加拉邦的岸边。