စတော့ဟုမ်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ လွန်စွာ ဆိုးရွားသောလုပ်ရပ်ဖြစ်သည့် ဒိန်းမတ်နိုင်ငံမှ တစ်ဆင့် ဥရောပတိုက် မဟာမိတ်နိုင်ငံများအပေါ် စောင့်ကြည့်နားထောင်မှုများနှင့် ပတ်သက်၍ မဖြစ်မနေ စုံစမ်းစစ်ဆေးသွားရမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Stefan Löfven က ဇွန် ၁ ရက်၌ ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် နိုင်ငံအတွင်းလက်ရှိ ဖြစ်ပွားလျက်ရှိသော အဆိုးဝါးဆုံးရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် လူအများအပြား အစုပြုံလိုက်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို လာမည့်သတင်းပတ်တွင် စတင်နိုင်ရန် ရည်ရွယ်ထားရှိပြီး ပြင်ဆင်သည့်အနေဖြင့် COVID-19 ကာကွယ်ဆေးဖြန့်ချိခြင်းအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုကျို၊ဇွန် ၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အဓိကတိုက်လေယာဉ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့သွားရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်ပင်လယ်ပြင်ကမ်းရိုးတန်းတွင် တည်ရှိရာ Ishikawa စီရင်စုရှိ ကိုမတ်ဆုလေတပ်အခြေစိုက်စခန်းသို့ F-35 ခေတ်မီကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ ပို့ဆောင်တပ်ချထားရန် စီစဉ်လျက်ရှိကြောင်း အစိုးရသတင်းအရင်းအမြစ်၏ ဇွန် ၂ ရက်က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း သတင်းမီယာကဖော်ပြခဲ့သည်။
ရှီးချန်း၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာက မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို Long March-3B ပို့ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၃ ရက် ၀၀ နာရီ ၁၇ မိနစ်တွင် လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၃ ရက်(ဆင်ဟွာ) COVID-19 ရောဂါ မူလအစသည် လူသားတို့ဖန်တီးထားခြင်းမှ ဖြစ်ပေါ်လာခဲ့သည်ဆိုသည့် ဆက်စပ်ပြောဆိုနေမှုများမှာ မည်သည့်တန်ဖိုးတစ်စုံတစ်ရာမှမရှိကြောင်း ရုရှားနိုင်ငံ ကူးစက်ရောဂါကာကွယ်ရေး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ Dmitry Lvov က ပြောကြားလိုက်သည်။ “ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့ငှက်တွေဆီကနေ ကနဦးစတင်...
ကျိနန်၊ ဇွန် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျိနန်မြို့တွင် ယူရေးရှား ရထားပြေးဆွဲမှု အစီးရေ (၁,၀၀၀)မြောက် မောင်းနှင်မှုအခမ်းအနားကို ဇွန် ၂ ရက် နံနက်ပိုင်းက ကျိနန်မြို့ တုန်ကျား ကုန်ရထားပို့ဆောင်ရေးစင်တာတွင် ကျင်းပခဲ့သည်။
မနီလာ၊ ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech မှထုတ်လုပ်သော CoronaVac COVID-19 ကာကွယ်ဆေးအား အရေးပေါ်သုံးစွဲရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထောက်ခံအတည်ပြုချက်ရရှိခဲ့ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံက ဇွန် ၂ ရက်တွင် ထုတ်ဖော် ချီးကျူးလိုက်ပြီး ယင်းမှာ ကာကွယ်ဆေးအပေါ် ဖိလစ်ပိုင်လူမျိုးများ...
ဘရပ်ဆဲလ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ) နေတိုးတပ်ဖွဲ့ဝင်များအား အာဖဂန်နစ္စတန်နိုင်ငံ မှ ပြန်လည်ခေါ်ယူသွားပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများ ဆက်လက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံမြို့တော် ကဘူးလ် တွင် အရပ်သား သံတမန်ရေးရာဝန်ထမ်းများ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ အတွင်းရေးမှူး Jens Stoltenberg က...
နယူးဒေလီ ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်၌ ထမင်းဟင်း ချက်ပြုတ်သည့် ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၇ ဦးထက်မနည်း သေဆုံးပြီး အခြား ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ဇွန်...
နယူးဒေလီ၊ ဇွန် ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဖက်ဒရယ်အစိုးရသည် COVID-19 ကပ်ရောဂါဆက်လက်ဖြစ်ပွားနေသည့် မသေချာမရေရာသော ကာလအတွင်း ၁၂ တန်း ဘုတ်အဖွဲ့ စာမေးပွဲကို ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း ဇွန် ၁ ရက် တွင် ပြေကြားခဲ့သည်။