ကိုလံဘို၊ မေ ၂၈ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် “X-PRESS PEARL”အမည်ရှိ ကွန်တိန်နာတင် သင်္ဘောတစ်စီးသည် မေ ၂၀ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း အနောက်မြောက်ဘက် (၉.၅)ရေမိုင်ခန့်အကွာကို ရောက်ရှိခဲ့ပြီး ထိုနေရာတွင် ကျောက်ချကာ မီးဘေးကယ်ဆယ်ရေး အချက်ပြမီးလွှတ် အကူအညီတောင်းခဲ့သည်။ အဆိုပါသင်္ဘောတွင် ကွန်တိန်နာ...
ကိုလံဘို၊ မေ ၂၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းအနီး မီးလောင်နေသော နိုင်ငံခြားသင်္ဘောတစ်စီးမှ ဆီယိုစိမ့်မှုကို စောင့်ကြည့်လျက်ရှိကြောင်း၊ ဆီယိုစိမ့်မှုက နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းရှိ Negombo ရေအိုင်ထံ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များက မေ ၂၆ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၇ ရက်(ဆင်ဟွာ) မေ ၂၆ ရက်က ကမ္ဘာတွင် တွေ့ရခဲသည့် လအပြည့်ကြတ်သည့်မြင်ကွင်းကို နေရာဒေသအသီးသီးမှ တွေ့မြင်ခဲ့ကြသည်။ တစ်နှစ်တာတွင် အကြီးဆုံးလဝန်း”Super Moon”အချိန်နှင့်လည်းတိုက်ဆိုင်နေခြင်းကြောင့် “Super Moon”၏လပြည့်ည လကြတ်သည့် မြင်ကွင်းများကို ကမ္ဘာ့နိုင်ငံအသီးသီးကကြည့်ရှုခဲ့ကြကြောင်း သိရသည်။ (Xinhua) ………………………………………… (Chinese Version)...
လေးဂို့စ်၊ မေ ၂၇ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် သေနတ်သမားများက လူ ၅၃ ဦးအား ရက်ပေလေးဂို့စ် ါင်များစွာ ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦးကပြောကြားခဲ့သည်။
နယူးဒေလီ၊ မေ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် mucormycosis သို့မဟုတ် မှိုနက်ရောဂါ ဖြစ်ပွားသူဦးရေမှာ ၁၁,၇၁၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း အစိုးရက မေ ၂၆ ရက်၌ပြောကြားခဲ့သည်ဟု ဓာတုဗေဒနှင့် ဓာတ်မြေဩဇာဆိုင်ရာ ဝန်ကြီး D. V. Sadananda Gowda က ပြောကြားခဲ့သည်။
ဂျကာတာ ၊ မေ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်၌ ဆိပ်ခံတံတားတစ်စင်း မေ ၂၆ ရက်ညပိုင်းတွင် ပြိုကျခဲ့ခြင်းကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၃ ဦး အသေးစား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက မေ ၂၇ ရက်တွင်...
တိုကျို ၊ မေ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီက ဇွန် ၁ ရက်မှစတင်၍ တိုကျိုအိုလံပစ် အားကစားပွဲတွင် ဂျပန်နိုင်ငံကိုယ်စားပြုမည့် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို COVID-19 ရောဂါ ကာကွယ်ဆေး ဦးစားပေး ထိုးနှံသွားမည်ဖြစ်ကြောင်း လတ်တလောရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ မေ ၂၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩရိဿပြည်နယ်ကို မေ ၂၆ ရက်က ဆိုင်ကလုန်း မုန်တိုင်း “Yaas”ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အိန္ဒိယမိုးဇလက ပြောကြားခဲ့သည်။ ဩရိဿပြည်နယ်နှင့်အနောက်ဘန်ဂါပြည်နယ်တွင် လူပေါင်း (၁၂)သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ကိုလံဘို ၊ မေ ၂၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါဆိုးရွားစွာခံစားနေရချိန်တွင် တရုတ်နိုင်ငံ အစိုးရမှ ကူညီထောက်ပံ့ပေးသည့် ကာကွယ်ဆေးများသည် မေ ၂၅ ရက်ညပိုင်းက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Bandaranaike နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
ဗာမာလ်ကို၊ မေ ၂၇ ရက်(ဆင်ဟွာ) မာလီနိုင်ငံ အသွင်ကူးပြောင်းရေးသမ္မတ Bah N’Dawနှင့် ဝန်ကြီးချုပ်Moctar Ouaneတို့ မေ ၂၆ ရက်တွင် ရာထူးမှ အသီးသီး နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မာလီစစ်တပ်က ယင်းနေ့ညပိုင်းတွင် ပြောကြားခဲ့သည်။