Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ပြန်ပေးဆွဲခံရသူ ၅၃ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့

လေးဂို့စ်၊ မေ ၂၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် သေနတ်သမားများက လူ ၅၃ ဦးအား ရက်ပေလေးဂို့စ် ါင်များစွာ ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦးကပြောကြားခဲ့သည်။ပြည်နယ်အစိုးရ၏ လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးအစီအစဉ်ဖြင့် ဖမ်းဆီးခံထားရသူများကို အထိအခိုက်မရှိဘဲ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် လုံခြုံရေး နှင့် ပြည်ထဲရေးဌာန ရဲမှူးကြီး Abubakar Dauran က ပြည်နယ်မြို့တော် Gusau ၌ သတင်းထောက်များအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ထိုသူများသည် ပြီးခဲ့သော ရက်သတ္တပတ်က Bungudu ဒေသဆိုင်ရာ အစိုးရ နယ်မြေအတွင်းမှ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့အပတ်က ပြန်ပေးဆွဲခံရတဲ့ဓားစာခံ စုစုပေါင်း ၅၃ ဦး ကို ပြည်နယ်ရဲမှူးရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့အတူ ဓားပြတွေကပြန်လွှတ်ပေးခဲ့တယ်’’ ဟု Dauran သတင်းထောက်များအားပြောကြားခဲ့သည်။၎င်းတို့အားလုံးမှာ ကျန်းမာရေးကောင်းမွန်ပြီး မိသားစုများနှင့် ပြန်လည်ဆုံစည်းခဲ့ကြပြီဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။
ဒေသတွင်းရေရှည် တည်ငြိမ်အေးချမ်းမှုရရှိရန် ရည်ရွယ်၍ ပြည်နယ်တွင်း၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား သက်ဆိုင်ရာအားလုံးအနေဖြင့် ဆက်လက်လိုက်နာရန် ၎င်းက တောင်းဆိုခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ၌ မကြာသေးမီလများက သေနတ်သမားများ၏တိုက်ခိုက်မှုကြိမ်ဖန်များစွာ ခံခဲ့ရပြီး အရပ်သားများစွာ အသတ်ခံရခြင်း သို့မဟုတ် ပြန်ပေးဆွဲခံရခြင်း များရှိခဲ့ကြောင်း သိရသည်။(Xinhua)

————————————-
(English Version)

53 kidnapped victims rescued in NW Nigeria

LAGOS, May 27 (Xinhua) — Gunmen in northwest Nigeria released 53 people after several days in captivity, said a local official.

Zamfara state commissioner of security and home affairs Abubakar Dauran on Wednesday told reporters in the state capital Gusau that the victims were released unhurt through the state government’s ongoing peace process. The victims were kidnapped from the Bungudu local government area of the state last week.

“A total of 53 persons who were kidnapped last week were released Monday through the efforts of the repentant bandits and support of the state police command,” Dauran told reporters, adding that all of them were in good health and had already reunited with their families.

He called on all sides in the state to continue to comply with the ongoing peace process aimed at achieving lasting stability in the region.
The northern part of Nigeria has witnessed a series of attacks by gunmen in recent months, with many civilians killed or kidnapped. Enditem