ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဝင်ငွေအလယ်အလတ်အဆင့်ရှိနိုင်ငံများ အဆင့်မြင့် အစည်းအဝေးကို ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Volkan Bozkır နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့မှ အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက အစည်းအဝေးတက်ရောက်ခဲ့ကြကြောင်း သိရသည်။...
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်း၌ COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၄၈၀ ကျော်အား ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂ ရက်တွင်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေးများအား ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်ခြင်းသည် အများအတွက် ကောင်းကျိုးဖြစ်စေမည်ဟု...
ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဇူလိုင် ၂ ရက်တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၆၁ ဦးရှိပြီး တတိယမြောက်ရက်အဖြစ် နေ့စဥ်သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ အဆိုးဝါးဆုံးဖြစ်သော ကပ်ရောဂါလှိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားရုန်းကန်နေရကြောင်း သိရသည်။ နိုင်ငံ၏ COVID-19...
ဝါရှင်တန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်အခြေစိုက် အမေရိကန်တပ်များကို ဩဂုတ်လကုန်တွင် အပြီးရုပ်သိမ်းရန် ခန့်မှန်းထားကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Jen Psaki က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ Jen Psaki က ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်...
ဝါရှင်တန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီရှိ Surfsideမြို့နယ်တွင် ဖြစ်ပွားသည့် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် ဇူလိုင် ၂ ရက်အထိ သေဆုံးသူ (၂၂)ဦးအထိ မြင့်တက်လာခဲ့ရာ ၎င်းတို့အနက် (၃)ဦးမှာ ကလေးငယ်များဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေဆဲဖြစ်သူ (၁၂၆) ဦးရှိကြောင်း...
ဂျကာတာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဂျာဗားကျွန်းနှင့် ဘာလီကျွန်းသို့ သွားရောက်မည့် ပြည်တွင်းခရီးသွားများအနေဖြင့် အနည်းဆုံး COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားသည့်မှတ်တမ်းအား ဇူလိုင် ၃ ရက် မှစ၍ ပြသရန်လိုအပ်ကြောင်း သိရသည်။ အဆိုပါလိုအပ်ချက်အား ပင်လယ်ရေကြောင်းရေးရာညှိနှိုင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Luhut Pandjaitan...
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ မေလ ၂၇ ရက်တွင် စတင်ခဲ့သည့် COVID-19 တတိယလှိုင်းသည် လက်ရှိတွင် ပိုးတွေ့ရှိမှုနှုန်း တရိပ်ရိပ်နှင့်မြင့်တက်လျက်ရှိပြီး အရှိန်အဟုန်ကောင်းသည့်အဆင့်တွင်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့...
ဘရပ်ဆဲလ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂအတွင်း ဖြတ်သန်းသွားလာရေးနှင့် စီးပွားရေး ပြန်လည်နိုးထလာရေးကို တွန်းအားဖြစ်စေနိုင်ရန်အတွက် ဥရောပသမဂ္ဂ ဒီဂျစ်တယ် ကိုဗစ်ကင်းစင် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ဇူလိုင် ၁ ရက်က တရားဝင်စတင် အသုံးပြုပြီဖြစ်ကြောင်း သိရသည်။ ဥရောပသမဂ္ဂ ဒီဂျစ်တယ် ကိုဗစ်ကင်းစင် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ဥရောပသမဂ္ဂအသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့်...
ဘာလင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ၌ Delta ဗီဇပြောင်းဗိုင်းရပ်စ်သည် ဇူလိုင်လမကုန်မီတွင် အဓိကလွှမ်းမိုးသည့် COVID-19 ဗိုင်းရပ်စ် အမျိုးအစားဖြစ်လာကာ ကူးစက်မှုများ၏ ၈၀ ရာခိုင်နှုန်းနီးပါးဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Jens Spahn က ဇူလိုင် ၁ ရက် ဖက်ဒရယ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပိုမိုကူးစက်လွယ်သော...
ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် ကနေဒါနိုင်ငံ အနောက်တောင်ပိုင်းဒေသများ၌ ယခုရက်ပိုင်းများတွင် စံချိန်တင် အပူလှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချို့ဒေသများတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက် (၄၃.၃ ဒီဂရီစင်တီဂရိတ်ခန့်)နှင့်အထက်အထိ မြင့်တက်ခဲ့ရာ အပူလှိုင်းကြောင့် လူရာနှင့်ချီသေဆုံးခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အိုရီဂွန်ပြည်နယ်၊ ဝါရှင်တန်ပြည်နယ်နှင့်...