ကွာလာလမ်ပူ၊နိုဝင်ဘာလ ၁၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Zhongtong ဘတ်စ်ကားကုမ္ပဏီနှင့် မလေးရှားနိုင်ငံမှ Terus Maju Services(TMS) မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတို့ က အာဆီယံဈေးကွက်အတွက်စွမ်းအင်သစ် ဘတ်စ်ကားများ တိုးတက်ဖွံ့ဖြိုးလာစေရန်သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာလ ၁၁ ရက်ကလက် မှတ်ထိုးခဲ့ကြကြောင်းသိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာ တွင် အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၃.၉)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု နိုဝင်ဘာလ ၁၂ ရက် နံနက် ၄နာရီ ၂၁ မိနစ် ၅၉စက္ကန့် တွင်လှုပ်ရှားသွားခဲ့ကြောင်း...
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအစိုးရမှ နိုင်ငံရေးခိုလှုံခွင့်ကမ်းလှမ်းချက်အား သမ္မတရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့သည့် ဘိုလီးဗီးယားနိုင်ငံသမ္မတဟောင်း Evo Morales ကနိုဝင်ဘာ ၁၁ ရက် တွင် လက်ခံခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ၏ ပြောကြားချက်အရသိရသည်။ (Xinhua)
ဆစ်ဒနီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) အလွန်ဆိုးရွားပြင်းထန်သော တောမီးများအကြီးအကျယ်လောင်ကျွမ်းနေမှုကြောင့် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး ဆစ်ဒနီမြို့အပါအဝင်နိုင်ငံ အရှေ့ပိုင်းနယူးဆောက်ဝေးပြည်နယ်ကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။
ဒါကာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာမှ အရှေ့မြောက်ဘက် ၁၀၉ ကီလိုမီတာအကွာ၊ ဘရာမန်ဘာရီယာခရိုင်တွင် ခရီးသည်တင်ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိသဖြင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော လွိုင်ခရာသွန်း (Loy Krathong) မီးမျှောပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် (တန်ဆောင်မုန်းလပြည့်) ညတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရွှေတိဂုံစေတီတော်၌ မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအရ ကျင်းပမြဲ ဖြစ်သော ၃၅ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ် ကပ်လှူ ပူဇော်ပွဲအား ရွှေတိဂုံ စေတီတော် ရင်ပြင် (အောင်မြေ)၌ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း မှ စတင်...
အေသင် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဇနီး ဖုန်းလိယွမ်တို့သည် ဂရိနိုင်ငံ အေသင်မြို့သို့ နိုဝင်ဘာ ၁၀ ရက်က ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့ကြောင်းသိရသည်။ သမ္မတရှီကျင့်ဖိန်၏ ၃ ရက်တာ ဂရိနိုင်ငံ ခရီးစဉ်တွင် တရုတ်နိုင်ငံနှင့် ဂရိနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့ရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည့်...
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) မြန်မာ့ရိုးရာ ၁၂ လရာသီတွင် တန်ဆောင်မုန်းလ၏ ထင်ရှားသော ပွဲတော် ဖြစ်သည့် ကထိန် ပွဲခင်းခြင်း (ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများမှာ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ...
ဗီယင်တိန်း၊နိုဝင်ဘာလ ၁၁ ရက်(ဆင်ဟွာ) လာအိုနိုင်ငံပိုင် Electricite du Laos(EDL) ကုမ္ပဏီက ကမ္ဘောဒီးယားနိုင်ငံသို့လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြူးရန်အတွက် နှစ်နိုင်ငံနယ်စပ်တွင်ဓါတ်အားဖြန့်ဖြူးရေးလိုင်းများကို ဆောင်ရွက်မှုက ၈၀ ရာခိုင် နှုှုန်းကျော်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။