Connect with us

North America

ဘိုင်ဒန်၏ သမ္မတရာထူးအပ်နှင်းပွဲအတွင်း “အကြမ်းဖက်မှုမလုပ်ဆောင်ကြဖို့” ထရမ့် တိုက်တွန်း

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံသားများအနေဖြင့် လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲ၌ အကြမ်းဖက်မှုမလုပ်ဆောင်ကြရန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

“ဆန္ဒပြမှုတွေပိုပြီး လုပ်ကြမယ်ဆိုတဲ့သတင်းတွေအရ မည်ကဲ့သို့သော အကြမ်းဖက်မှုမျိုး၊ ဥပဒေချိုးဖောက်မှုမျိုးနဲ့ ပရမ်းပတာဖျက်ဆီးမှုမျိုးကိုမဆို မဖြစ်စေဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ကျွန်တော့်ရပ်တည်ချက် မဟုတ်သလို အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်လည်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံသားအားလုံးအနေနဲ့ တင်းမာမှုတွေ လျော့စေဖို့နဲ့ ဒေါသတွေကို လျှော့ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု သမ္မတက အိမ်ဖြူတော်ပြန်ကြားရေးဝန်ကြီးရုံး၏ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ထရမ့်၏ ထုတ်ပြန်ချက်သည် ဒီမိုကရက်တစ် ထိန်းချုပ်ထားသော အောက်လွှတ်တော်၌ ၎င်း၏ သမ္မတသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ၎င်းကို စွပ်စွဲပြစ်တင်မည့်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတအနေဖြင့် ယင်းနေ့အတွက် အစိုးရလုပ်ငန်းဆောင်တာ ဆောင်ရွက်ရန် စီစဉ်ထားခြင်းမရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၀ ရက်တွင် ကျရောက်မည့် ဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲနေ့ကို အကာအကွယ်ဖြစ်စေရန် ဇန်နဝါရီ ၂၄ ရက်အထိ အာဏာသက်ရောက်မည့် ဝါရှင်တန်ဒီစီတွင် အရေးပေါ်အခြေအနေကြေညာချက်ကို ထရမ့်က ဇန်နဝါရီ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။

အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုကလည်း ပြည်နယ် ၅၀ လုံးရှိ လွှတ်တော်များတွင် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်တွင် ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိလည်းကောင်း လက်နက်ကိုင် ဆန္ဒပြမှုအစီအစဉ်များနှင့် ပတ်သက်၍ သတိပေးထားကြောင်း သိရသည်။ (Xinhua)…………………………………………
(English Version)
Trump calls for “no violence” during Biden’s inauguration
Source: Xinhua| 2021-01-14 06:25:36|Editor: huaxia
“In light of reports of more demonstrations, I urge that there must be NO violence, NO lawbreaking and NO vandalism of any kind,” President Donald Trump said in a statement.
WASHINGTON, Jan. 13 (Xinhua) — U.S. President Donald Trump on Wednesday called on the Americans not to engage in violence next week, in which the inauguration ceremony will be held for President-elect Joe Biden.
“In light of reports of more demonstrations, I urge that there must be NO violence, NO lawbreaking and NO vandalism of any kind. That is not what I stand for, and it is not what America stands for. I call on ALL Americans to help ease tensions and calm tempers. Thank You,” the president said in a statement released by the Office of the White House Press Secretary.
Trump’s statement came on the same day as the Democratic-controlled House is poised to impeach him for a second time during his presidency. The president has no public activity scheduled for the day.
On Monday, Trump approved an emergency declaration for Washington, D.C., effective through Jan. 24, covering the date of Biden’s inauguration, which falls on Jan. 20.
The Federal Bureau of Investigation has warned about plans of armed protests from Jan. 16 through Jan. 20 at all the 50 state capitols, and from Jan. 17 through Jan. 20 at the U.S. Capitol in Washington. ■
U.S. President Donald Trump speaks to reporters before leaving the White House in Washington D.C., the United States, on Oct. 10, 2019. (Photo by Ting Shen/Xinhua)