Connect with us

North America

YouTube က ထရမ့်၏ အကောင့်ကို အနည်းဆုံး တစ်ပတ်ကြာပိတ်ထားမည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ အကောင့်ကို ဆိုင်းငံ့ထားကြောင်း YouTube က ၎င်း၏ တရားဝင်တွစ်တာအကောင့်၌ ကြေညာထားသည့် စခရင်ရှော့ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဂူးဂဲလ် (Google) ၏ YouTube ဗီဒီယိုထုတ်လွှင့်သောဝန်ဆောင်မှုက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ အကောင့်ကို ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းမှစတင်ကာ အနည်းဆုံး သီတင်းပတ်တစ်ပတ်ကြာ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

“ပြန်သုံးသပ်ပြီးတဲ့နောက်မှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု စိုးရိမ်မှုတွေအရ ဒေါ်နယ် ဂျေ.ထရမ့်ရဲ့ ချန်နယ်မှာ အသစ်တင်ထားတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ရဲ့ မူဝါဒတွေကို ချိုးဖောက်နေတဲ့အတွက် ဖယ်ရှားလိုက်တာဖြစ်ပါတယ်” ဟု YouTube က ၎င်းတို့၏ တရားဝင်တွစ်တာအကောင့်တွင် ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထရမ့်၏အကောင့်မှတစ်ဆင့် အကြောင်းအရာ အသစ်တင်ခြင်းကို အနည်းဆုံး ၇ ရက်ကြာ ယာယီပိတ်ပင်တားဆီးထားကြောင်း YouTube က ဖော်ပြခဲ့သည်။ထို့ပြင် ထရမ့်၏ချန်နယ်တွင် မှတ်ချက်ပြောကြားခြင်းများကိုလည်း အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

ဇန်နဝါရီ ၈ ရက်ကလည်း “နောက်ထပ် အကြမ်းဖက် လှုံ့ဆော်မှုဖြစ်နိုင်သဖြင့်” ထရမ့်၏အကောင့်ကို တွစ်တာက အပြီးတိုင်ဖယ်ရှားခဲ့ကြောင်း သိရသည်။ထို့ပြင် Facebook နှင့် Instagram ကလည်း ဇန်နဝါရီ ၂၀ တွင်ပြုလုပ်မည့် အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ထံ အာဏာလွှဲပြောင်းခြင်းပြီးစီးသည့်တိုင်အောင် ထရမ့်၏အကောင့်မှ ပို့စ်တင်ခြင်းကို အနည်းဆုံး ရက်သတ္တပတ်နှစ်ပတ်ကြာ ဆက်လက်တားမြစ်သွားမည်ဟု ဇန်နဝါရီ ၇ ရက်က ပြောကြားထားသည်။ (Xinhua)

…………………………………………
(English Version)

YouTube bans Trump’s account for at least one week

YouTube noted that Trump’s account had its first strike and was temporarily prevented from uploading new content for a minimum of seven days.
SAN FRANCISCO, Jan. 13 (Xinhua) — Google’s YouTube video streaming service on Tuesday evening suspended U.S. President Donald Trump’s account for at least one week.
“After review, and in light of concerns about the ongoing potential for violence, we removed new content uploaded to Donald J. Trump’s channel for violating our policies,” YouTube announced on its official account on Twitter.
YouTube noted that Trump’s account was temporarily prevented from uploading new content for a minimum of seven days.
The company will also indefinitely disable comments on Trump’s channel.
Last Friday, Twitter permanently removed Trump’s account for possible “further incitement of violence.”
Facebook and Instagram said last Thursday that they will ban Trump from posting for at least two weeks until the power transition to President-elect Joe Biden on Jan. 20 is complete. ■
1- A screenshot taken on Jan. 13, 2021 shows YouTube announcing the suspension of Donald Trump’s account on its official account on Twitter. (Xinhua)
2- Photo taken in Arlington, Virginia, the United States, on Nov. 5, 2020 shows the live stream of U.S. President and Republican presidential nominee Donald Trump attending a press conference at the White House in Washington, D.C., the United States. (Xinhua/Liu Jie)