Connect with us

Europe

ပေါ်တူဂီနိုင်ငံ တွင် နိုင်ငံတော်အရေးပေါ်အခြေအနေ သက်တမ်းတိုး ၊ ဘက်စုံပိတ်ဆို့မှု ပြန်လည်ဆောင်ရွက်

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းရှိ လမ်းတစ်ခု တွင် အမျိုးသားတစ်ဦး နှာခေါင်းစည်းတပ်၍ သွားလာနေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပေါ်တူဂီနိုင်ငံ လွှတ်တော် က ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ နိုင်ငံတော် အရေးပေါ်အခြေအနေ သက်တမ်း ၁၅ ရက် ထပ်မံ တိုးမြှင့်ရန် အဆိုပြုချက်အား ဇန်နဝါရီ ၁၃ ရက်တွင် အတည်ပြုခဲ့ပြီး ပေါ်တူကီနိုင်ငံ အစိုးရဝန်ကြီများ ကောင်စီ က လည်း ဇန်နဝါရီ ၁၅ ရက် သုညနာရီ မှ စတင်၍ ပေါ်တူဂီ တစ်နိုင်ငံလုံး ဘက်စုံပိတ်ဆို့မှု အခြေအနေ သို့ ပြန်လည်ထားရှိရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

ပေါ်တူဂီနိုင်ငံ သမ္မတ က Marcelo Rebelo de Sousa က သမ္မတအိမ်တော် သတင်းဝက်ဆိုက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လတ်တလောရက်ပိုင်းအတွင်း ပေါ်တူဂီနိုင်ငံ ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၊ ဆေးရုံတက်ကုသရသူ ၊ အထူးကြပ်မပ်ဆောင်တွင် ရောဂါကုသမှု ခံနေရသူ နှင့် COVID-19 ရောဂါကြောင့် သေဆုံးရသူများ သိသာထင်ရှားစွာ လျင်မြန်စွာ မြင့်တက်လာ ခဲ့သည့်အတွက် ကပ်ရောဂါ အခြေအနေ နွေဦးကာလအချိန်၌ ပိုမို မဆိုးရွားလာစေရန် သက်ဆိုင်ရာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုများကို ချက်ချင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးမှု ဆထက် တိုးပွားလာခြင်း ၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ပင်ပန်းနွမ်းနယ်ခြင်း ၊ ပြည်သူလူထု ယုံကြည်မှုကျဆင်းခြင်း ၊ လူမှုစီးပွား အန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ရခြင်း စသည့် ဖြစ်ရပ်များ မဖြစ်ပွားစေရန် ရှောင်ရှားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ် António Costa က ဇန်နဝါရီ ၁၃ ရက်၌ ရုပ်မြင်သံကြားမှတစ်ဆင့် ပေါ်တူဂီ နိုင်ငံအနေဖြင့် ဘက်စုံပိတ်ဆို့မှု အခြေအနေ သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး အစိုးရ အနေဖြင့် ပိုမိုတင်းကျပ်သည့် တစ်လကြာမြင့်မည့် ကန့်သတ်မှုဆောင်ရွက်ချက်များကို ပြုလုပ်သွားမည်ဖြစ်သော်လည်း ယခုအကြိမ်ပိတ်ဆို့မှုတွင် စာသင်ကျောင်းများ ပိတ်ထားရန် မပါဝင်ကြောင်း ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံတွင် အသစ်ထုတ်ပြန်လိုက်သည့် ကန့်သတ်ချက်တွင် ဆေးခန်း ၊ ဆေးဆိုင် ၊ ဈေးဝယ်စင်တာ များမှ အပ အခြားစီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကို ပိတ်သိမ်းထားရမည် ဖြစ်ကြောင်း ၊ အားကစားလေ့ကျင့်ခန်း နှင့် အခြား အားကစားဆိုင်ရာ လှုပ်ရှားမှုနေရာများ အားလုံးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ၊ စားသောက်ဆိုင် နှင့် ကော်ဖီဆိုင်များ အနေဖြင့် ပါဆယ် ရောင်းချမှု ကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ၊ လူစုလူဝေး လှုပ်ရှားမှုများကို ခွင့်မပြုကြောင်း ၊ ယင်းတို့ထဲတွင် သမ္မတ ရွေးကောက်ပွဲ နှင့် ဘာသာရေးဆိုင်ရာ အခမ်းအနား များ မပါဝင်ကြောင်း ၊ ယဉ်ကျေးမှုဆိုင်ရာ နေရာများကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် ပိတ်ဆို့မှုဆောင်ရွက်ချိန် ကာလအတွင်း သက်ရောက်မှု ရှိခဲ့သော ကုမ္ပဏီ နှင့် ဝန်ထမ်းများအပေါ် ငွေကြေး ထောက်ပံ့မှု ဆောင်ရွက်ပေးမည် ကို အာမခံကြောင်း ပါဝင်ခဲ့သည်။

ပေါ်တူဂီနိုင်ငံ တွင် ယခင်နှစ် မတ်လ ၁၉ ရက်၌ ပေါ်တူဂီနိုင်ငံ သမိုင်းတစ်လျှောက် ပထမဆုံး နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၎င်းနောက် သက်တမ်း နှစ်ကြိမ် တိုးခဲ့ကာ ယခင်နှစ် မေလဆန်းပိုင်း ပြီးဆုံးခဲ့ကြောင်း ၊ ထို့နောက် ဆောင်းဦးရာသီ နှင့် ဆောင်းရာသီချိန်တွင် ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပေါ်လာခဲ့သဖြင့် ပေါ်တူဂီ နိုင်ငံ က နိုဝင်ဘာ ၉ ရက်မှ စတင်၍ နိုင်ငံတော် အရေးပေါ် အခြေအနေ အား နောက်ထပ်တစ်ကြိမ် ထပ်မံ ကြေညာ ခဲ့ကြောင်း သိရှိရသည်။

ပေါ်တူဂီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၁၃ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ပေါ်တူဂီ နိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၀,၅၅၆ ဦးရှိခဲ့ပြီး ရောဂါကြောင့် လူပေါင်း ၁၅၆ ဦးထပ်မံသေဆုံးခဲ့ရာ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အများဆုံး အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(Chinese Version)
(国际疫情)葡萄牙延长国家紧急状态 再次进入全面封禁
2021-01-14 11:20:53 分类: 医药卫生
  新华社里斯本1月13日电(记者赵丹亮)葡萄牙议会13日通过法案,自15日起将国家紧急状态再次延长15天。政府部长理事会当日决定,自15日零时起,葡萄牙全国再次进入全面封禁状态。
  葡萄牙总统德索萨在总统府网站发布公告称,近来葡新冠新增确诊人数、住院人数、重症监护病房人数和死亡人数增速明显加快,应立刻采取措施,以防疫情进一步恶化至春季,要避免出现死亡人数成倍增长、医疗资源枯竭、民众信心下降、社会经济危机持续恶化等现象。
  葡萄牙总理科斯塔当日发表电视讲话宣布,葡萄牙将再度进入全面封禁状态,政府将采取更严厉的为期一个月的限制措施,但此次封禁不再关闭大中小学校。
  新措施包括:关闭除诊所、药店、超市以外的商业机构;关闭健身房和其他体育活动场所;饭馆和咖啡厅只能提供外卖服务;取消所有大型活动,总统选举和宗教庆典除外;关闭文化场所;居家办公等。
  科斯塔说,政府保证将为封禁期间受影响的公司和员工提供资金支持。
  葡萄牙去年3月19日实施了史上首次国家紧急状态,经过两次延期后于5月初结束。随着秋冬季第二波疫情到来,葡萄牙从11月9日起再次进入国家紧急状态。
  葡萄牙卫生部13日公布的数据显示,过去24小时,葡萄牙新增新冠确诊病例10556例,新增死亡156例,均创疫情暴发以来新高。(完)

Photo
11月9日,一名戴口罩的男子走在葡萄牙里斯本街头。新华社发(佩德罗•菲乌萨摄)