ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားပြတိုက်တွင် Chang’e-5 အာကာသယာဉ်မှ ပြန်လည်သယ်ဆောင်လာသော လမျက်နှာပြင်နမူနာပစ္စည်းများကို ပြသထားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ကြေညာခဲ့သည်။
ကွီတို၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်သုံးခုတွင် ဖေဖော်ဝါရီ ၂၃ ရက်က ပြိုင်ဘက် ဂိုဏ်းအုပ်စုဝင်များအကြား အပြန်အလှန် ပဋိပက္ခဖြစ်ပွားရာမှ ထောင်ဆူမှုဖြစ်ပြီး အနည်းဆုံး အကျဉ်းသား ၆၇ ဦးသေဆုံးသွားကြောင်း လူငယ်ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဘက်စုံစောင့်ရှောက်ရေးဌာနညွှန်ကြားရေးမှူး Edmundo Moncayo က ကွီတိုမြို့အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တက္ကသိုလ်များကို မေလ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Dipu Moni က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အချို့ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီလုပ်ငန်းများအကြား ချုပ်ဆိုထားသည့် ကာကွယ်ဆေးဝယ်ယူရေး စာချုပ်များသည် WHOမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးအစီအစဉ်(COVAX)ကို ထိခိုက်စေရာ အစီအစဉ်အရ ဝယ်ယူရမည့် ကာကွယ်ဆေးပမာဏ လျော့နည်းသွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) COVID-19 ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူကုန်စည်တစ်ခုဖြစ်ရန်၊ အားလုံးအတွက် သင့်တင်မျှတစွာ ရရှိရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဖေဖော်ဝါရီ ၂၂ ရက်က အလေးထားပြောကြားခဲ့သည်။
အနောက်ဂျာဗား၊အင်ဒိုနီးရှား၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)
မက္ကဆီကိုအီတီပက် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ် အီတီပက်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်က တရုတ်နိုင်ငံ မှ ထုတ်လုပ်သော Sinovac COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့သည်။
နယူးယောက်၊ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ အရေအတွက်သည် ထိတ်လန့်တုန်လှုပ်ဖွယ် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည့် သန်းဝက်( ၅သိန်း) ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန (CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘိုဂိုတာ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမြို့သို့ ရောက်ရှိခဲ့သည်။ ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque ၊ ဒုတိယသမ္မတRamírez တို့နှင့်အတူ ကိုလံဘီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ...
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးEbrard ၏ အထူးကိုယ်စားလှယ် ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Martha Delgadoနှင့် မက္ကဆီကိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျုချင်းချောင်တို့က လေဆိပ်သို့လာရောက်၍...