ဆိုလ်း၊အောက်တိုဘာ ၂ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က ယနေ့အောက်တိုဘာ ၂ရက်နံနက်ပိုင်းတွင် ၎င်းတို့၏ အရှေ့ဘက်ကမ်းရိုးတန်း၌အမျိုးအမည်မသိပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံပူးတွဲစစ်ဉီးစီးချုပ်(JCS)၏ ပြောကြားချက်အရသိရသည်။
ဟောင်ကောင်၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နှစ် ၇၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားကို ဟောင်ကောင်မြို့တစ်ဝန်းတွင် ထောင်ပေါင်းများစွာသောမြို့နေပြည်သူများက မျိုးချစ်စိတ်ဓါတ ်ပြည့်ဝ သော လှုပ်ရှားမှုပုံစံအမျိုးမျိုးဖြင့် အောက်တိုဘာလ ၁ ရက် က ကျင်းပခဲ့ကြကြောင်းသိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) Emirates လေကြောင်းလိုင်း လေကြောင်းပျံသန်းမှုအမှတ်စဉ် EK 450 အရ ဒူဘိုင်းမှ နယူးဇီလန်သို့ ပျံသန်းလာသော လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဆိပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အောက်တိုဘာလ...
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စည်းကမ်းဖောက်ဖျက်သော အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသည့် ကြားကားများအား ပိုမို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် ယခု စီမံချက်များ ရေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဝါရှင်တန်၊အောက်တိုဘာ၂ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဟောင်းဂျင်မီကာတာ(Jimmy Carter)က တရုတ်ပြည်သူ့သမ္မတနိုင်ငံ(PRC)ထူထောင်ခြင်း နှစ်၇၀ပြည့် အထိမ်းအမှတ်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာတစ်စောင်ကို တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ထံပေးပို့ခဲ့ကြောင်းသိရသည်။
ပါရီ ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ၏ မြို့တော် ပါရီ ၌ စက်တင်ဘာ ၃ဝ ရက် က ကိုယ်ဟန်ပြမယ်များက တရုတ် အဆင့်အတန်းမြင့် အမျိုးသမီးအဝတ်အစား အမှတ်တံဆိပ် ဖြစ်သော “Gaia Legend –Xiong Ying’’ အဝတ်အစားများကို ဝတ်...
ဒါကာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ North South တက္ကသိုလ်မှ ကျောင်းသားများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားကို ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များစွာဖြင့် အောက်တိုဘာလ ၂ ရက်တွင် ကျင်းပခဲ့ကြသည်။ (Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုပေါင်း ၁၅မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ကလေးအလုပ်သမား ပပျောက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့ကို ဦးစားပေးစီမံကိန်းနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်း...
ချုံချင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းတိရစ္ဆာန်ရုံတွင် စက်တင်ဘာလ ၃၀ ရက်က ပန်ဒါကြီးမျိုး သားပေါက်လေးကောင်အား ပထမဆုံးအကြိမ် အများပြည်သူကို ပြသခဲ့ကြောင်း သိရသည်။