Connect with us

Europe

ပြင်သစ်နိုင်ငံက ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်၍ COVID-19 ရောဂါ ကာကွယ်ဆေးသစ် စတင်ထိုးနှံမည်ဖြစ်ကြောင်း ကြေညာ

ပြင်သစ်နိုင်ငံတွင် နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦး မီးပွိုင့်စောင့်ဆိုင်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပြင်သစ်နိုင်ငံဝန်ကြီးချုပ်Jean Castex က ပြင်သစ်နိုင်ငံအနေဖြင့် ဒီဇင်ဘာလ ၏ နောက်ဆုံးအပတ်မှစတင်၍ COVID-19 ရောဂါ ကာကွယ်ဆေးသစ် စတင်ထိုးနှံပေးမည့် ပထမအဆင့် လုပ်ငန်းကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

Jean Castex က ဒီဇင်ဘာ ၁၆ ရက်၌ လွတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ဥရောပဆေးဝါးထိန်းချုပ်ရေးဌာန သည် ဒီဇင်ဘာ ၂၁ ရက်၌ ပထမအသုတ် COVID-19 ရောဂါ ကာကွယ်ဆေးသစ် အား ဈေးကွက်သို့ တင်သွင်းခွင့် ခွင့်ပြုမည်ဆိုပါက ပြင်သစ်နိုင်ငံအနေဖြင့် ကာကွယ်ဆေး ထိုးသွင်းပေးမည့်လုပ်ငန်းကို စတင်လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ COVID-19 ရောဂါ ကာကွယ်ဆေးအများစု က နှစ်ကြိမ်ထိုးသွင်းရသဖြင့် ပြင်သစ်နိုင်ငံအနေဖြင့် ကာကွယ်ဆေး အခုရေပေါင်း သန်း ၂၀၀ ကို စုဆောင်းရန်စီစဉ်ထားပြီး လူပေါင်း သန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပေး နိုင်မည်ဖြစ်ကြောင်း ၊ အစိုးရ မှ ထုတ်ပြန်ခဲ့ပြီးဖြစ်သော ကာကွယ်ရေး ထိုးနှံသည့် အဆင့် ၃ ဆင့် မဟာဗျူဟာအရ ပထမအဆင့် အနေဖြင့် ဒီဇင်ဘာလ ၏ နောက်ဆုံး အပတ်မှစတင်၍ ဘိုးဘွားရိပ်သာများတွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများကို ဦးစွာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယင်းမှာ လူဦးရေအားဖြင့် ၁ သန်းခန့်ရှိကြောင်း ၊ ဒုတိယအဆင့်အနေဖြင့် အိမ်တွင်းနေထိုင်သည့် သက်ကြီးရွယ်အိုများ နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကာကွယ်ဆေး ထိုးသွင်းပေးသွားမည်ဖြစ်ပြီး ယင်း လူဦးရေ က ၁၄ သန်းခန့်ရှိကြောင်း ၊ တတိယ အဆင့်အနေဖြင့် နွေဦးကာလကုန်ဆုံးချိန်အထိ စောင့်ဆိုင်းပြီး လူများအားလုံးကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Jean Castex က ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းသည် ကပ်ရောဂါ ပြီးဆုံးသွားခြင်း မဟုတ်ကြောင်းကို သတိပေးပြောကြားခဲ့ပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအနေဖြင့် အနည်းဆုံး လာမည့်နှစ် နွေရာသီ အချိန်ထိ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ စုံစမ်းစစ်ဆေးမှုအရ လက်ရှိတွင် နိုင်ငံအတွင်း မေးမြန်းမှုပြုလုပ်သူများအနက် ၅၃ ရာခိုင်နှုန်းသော သူတို့က ကာကွယ်ဆေး ထိုးနှံရန် သဘောတူညီခဲ့ကြပြီး ဇူလိုင်လတွင် ဆောင်ရွက်ခဲ့သည့် စစ်ဆေးမေးမြန်းမှုအဖြေဖြစ်သော ၆၄ ရာခိုင်နှုန်းထက် များစွာ လျော့နည်းသွားခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအတွင်း လွန်ခဲ့သည့် ၂၄ နာရီက COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁၇,၆၁၅ ဦး ရှီပြီး စုစုပေါင်း ကူးစက်ခံရသူ ၂,၄၀၉,၀၆၂ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂၉၂ ဦး ထပ်မံ တိုးမြင့်လာခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၅၉,၃၆၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်းသိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.