Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၇ သန်းကျော်ရှိလာ၊ အစိုးရက COVID-19 ရောဂါ ကာကွယ်ဆေး ထိုးပေးမည့်အစီအစဉ်စတင်

ဘရာဇီးနိုင်ငံ၌ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ပြည်သူများ ဆော်ပေါ်လိုမြို့ရှိ ဥယာဉ် တစ်ခု၌ သွားလားလှုပ်ရှားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဆော်ပေါ်လို ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)  ဘာသာပြန် / စိုးမိုး

ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၁၆ ရက်၌ နောက်ဆုံးထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါ ဆိုင်ရာ စာရင်းပြုစုချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၇ သန်းကျော် ရှိလာခဲ့ရာ အမေရိကန် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ ပြီးနောက် COVID-19 ရောဂါ ကူးစက်ခံရသူ ၇ သန်း ကျော်ရှိသည့် တတိယမြောက် နိုင်ငံဖြစ်လာခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက် ၁၈ နာရီ ၄၀ မိနစ် တွင် ထုတ်ပြန်ချက်အရ ဘရာဇီးနိုင်ငံ တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၇၀,၅၇၄ ဦး ရှိပြီး စုစုပေါင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၇,၀၄၀,၆၀၈ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါ ကြောင့် ထပ်မံသေဆုံး ၉၃၆ ဦး ရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၈၃,၇၃၅ ဦး အထိ ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ဘရာဇီးနိုင်ငံတွင် ဆော်ပေါ်လိုပြည်နယ်သည် ကပ်ရောဂါ အဆိုးရွားဆုံးခံစားနေရပြီး ဒီဇင်ဘာ ၁၆ ရက်ထိ COVID-19 ရောဂါကူးစက်ခံရသူ ၁,၃၄၁,၄၂၈ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၄၄,၂၈၂ ဦးရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစတင်ကာ တစ်နိုင်ငံလုံး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ် ကို တရားဝင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ယင်းအစီအစဉ် အရ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၊ သက်ကြီးရွယ်အိုများကို ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း နှင့်  ယင်းနောက် ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့်  အချိန်အားဖြင့် ၁၆ လကြာမြင့်မည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း ကိုယ်ပိုင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးကို ဦးစွားပေး အသုံပြုသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

———————————–
(Chinese Version)
(国际疫情)巴西确诊病例破700万 政府出台新冠疫苗接种计划
2020-12-17 10:47:40 分类: 社会
  新华社圣保罗12月16日电(记者宫若涵 周星竹)巴西卫生部16日发布的新冠疫情数据显示,该国累计确诊病例已超过700万例,成为继美国和印度之后第三个确诊病例超700万的国家。
  当天18时40分的数据显示,巴西24小时内新增确诊病例70574例,累计确诊7040608例;新增死亡病例936例,累计死亡183735例。
  圣保罗州是巴西疫情最严重的州,截至16日累计确诊病例为1341428例,累计死亡病例为44282例。
  16日上午,巴西联邦政府正式出台全国新冠疫苗接种计划。该计划将优先考虑为医务工作者、老年人等人群接种疫苗,再逐步扩大到为普通民众接种,预计全部接种工作将耗时16个月。
  目前,接种工作开始的时间尚未确定。巴西联邦政府表示,需要等待巴西国家卫生监督局作出批准疫苗注册的决定后才能确定具体时间。巴西卫生部长爱德华多•帕祖洛当天表示,政府将优先考虑在巴西生产的新冠疫苗。(完)

Photo
新华社照片,圣保罗,2020年11月3日
    (国际疫情)(6)巴西累计新冠确诊病例超555万例
    11月2日,市民在巴西圣保罗市一家公园里休闲。
    巴西卫生部2日公布的最新数据显示,过去24小时巴西新增新冠确诊病例8501例,累计确诊5554206例。
    新华社发(拉赫尔•帕特拉索摄)