Connect with us

Science & Technology

မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားသစ် တစ်မျိုး တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် ဆောက်လုပ်ပြီးသော မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့်သွားလာနိုင်သည့် သံလိုက်ရထားသစ်တစ်မျိုးအား ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချန်ချွမ်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး

တရုတ်နိုင်ငံ CRRC Changchun Railway Vehicles Co., Ltdက မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားအမျိုးအစားသစ်တစ်မျိုးကို အင်္ဂါနေ့က စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

တစ်နာရီလျှင် အမြန်ဆုံး ကီလိုမီတာ ၁၂၀ နှုန်းဖြင့်မောင်းနှင်နိုင်သည့် ၎င်းသံလိုက်ရထားကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ချင်းယွမ်မြို့ ခရီးသွားလမ်းကြောင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကုမ္ပဏီပြောကြားချက်များအရ သိရသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် ဆောက်လုပ်ပြီးသော မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့်သွားလာနိုင်သည့် သံလိုက်ရထားသစ်၏ ရထားတွဲအတွင်းပိုင်းအား ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Maglev သံလိုက်နည်းပညာအသုံးပြုထားခြင်းကြောင့် ရထား၏ climbing capacity ကုတ်အားကောင်းပြီး short turning radius ရှိကာ ဆူညံသံနည်းပါးကြောင်း ယင်းကုမ္ပဏီ၏ အဆင့်မြင့်အင်ဂျင်နီယာ ယန်ကျုံးဟွာက ဆိုသည်။
ရထားတွဲ(၃)ခုပါသည့် အဆိုပါရထားသည် ခရီးသည် ၅၀၀ တင်ဆောင်နိုင်ကြောင်း သိရသည်။

မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားသည် ကုန်ကျစရိတ် သက်သာပြီး တည်ဆောက်မှုအချိန်တိုတောင်းခြင်းကြောင့် အနီးအနားရှိမြို့များအား သွားလာရာနှင့် ခရီးသွားနေရာများအား သွားလာရာတွင် အသုံးပြုရန် သင့်တော်ကြောင်း သိရသည်။ (Xinhua)

——————————
(English Version)

China develops new middle-to-low-speed maglev train

CHANGCHUN, Dec. 15 (Xinhua) — Chinese train maker CRRC Changchun Railway Vehicles Co., Ltd. on Tuesday rolled out a new type of middle-to-low-speed magnetic-levitation train.
The train, with a maximum operational speed of 120 km per hour, will be deployed on a tourist route in Qingyuan City, south China’s Guangdong Province, according to the company.
Powered by the maglev technology, the train features a strong climbing capacity, a short turning radius, and low noise, said Ren Zhonghua, a senior engineer with the company.
The three-car train can carry up to 500 passengers on a single trip.
With a relatively low cost and short construction period, the middle-to-low-speed maglev system is suitable for city commutes, as well as travel to nearby cities and tourist destinations. Enditem

Photo1 – Photo taken on Dec. 15, 2020 shows a new type of middle-to-low-speed magnetic-levitation train finished in Changchun City of northeast China’s Jilin Province. (Xinhua)■
Photo 2 – Photo taken on Dec. 15, 2020 shows the interior of a new type of middle-to-low-speed magnetic-levitation train finished in Changchun City of northeast China’s Jilin Province. (Xinhua)