လန်ဒန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Euston ဘူတာရုံတွင် သြဂုတ် ၈ ရက်က အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ဘူတာအဝင်၊ အထွက် လုပ်ငန်းများအားလုံး ဆိုင်းငံ့ထားသဖြင့် ခရီးသည်များစွာ သောင်တင်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏အစီရင်ခံစာအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
ယောင်အွန်ဒီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ တောင်ထူထပ်သော Adamawa ဒေသရှိ မေဂါနာမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ်လ ၈ ရက် နံနက်အစောပိုင်းက အကျဉ်းသား ၂၂ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မော်စကို ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) သမုဒ္ဒရာပြင် ၂ဝ၁၉ ရေတပ်လေ့ကျင့်ရေး (Ocean Shield-2019 naval exercises) အစီအစဉ်တစ်ရပ်အနေဖြင့် ရုရှားနိုင်ငံ၏ Tu-95MS မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် နှစ်စင်းသည် အမေရိကန် တိုက်လေယာဉ်များခြံရံလိုက်ပါလျှက် Bering ဘီရင်းပယ်လယ်ပြင်ပေါ် ၁ဝ နာရီကျော်ကြာ ဖြတ်ကျော် လေ့ကျင့်ပျံသန်းမှု...
ဒမတ်စကက်စ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ကြားနေဇုန်တည်ထောင်ရန် အမေရိကန်-တူရကီသဘောတူညီချက်အား ဆီးရီးယား အစိုးရက ပယ်ချလိုက်သည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ်၁,၁၄၉,၈၀၀ က ၁,၂၀၅,၀၀၀ အထိ ရက်ပိုင်းအတွင်း ၅၅,၀၀၀ ကျော်ဈေးခုန်တက်သွားကြောင်း၊ ယခုဈေးသည် ၂၀၁၉ ခုနှစ်တွင် စံချိန်သစ်တင်သည့် ဈေးဖြစ်ကြောင်း အောင်သမာဓိရွှေဆိုင်ရှင် ဦးအောင်ကဆင်ဟွာကိုပြောသည်။
မနီလာ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တွင် အမေရိကန်နိုင်ငံက ဒုံးကျည်များချထားခြင်းကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ကပြောကြားခဲ့သည်။
ကာရာကာ့စ် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား အစိုးရက အမေရိကန် အစိုးရ၏ နောက်ဆုံး ကြေညာခဲ့သော ပိတ်ဆို့အရေးယူမှုများအား ဆန့်ကျင်သည့် အနေဖြင့် ဗင်နီဇွဲလား အတိုက်အခံများနှင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရေး အတွက် ဘာဘေးဒိုးစ်(Barbados) နိုင်ငံသို့တရားဝင် ကိုယ်စားလှယ် အဖွဲ့အား စေလွှတ်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း...
ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၇ရက်အထိ သေဆုံးသူ ၉၀ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း အား ပါဝင်ဆင်နွှဲ ခဲ့သော မြန်မာ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အား ကြိုဆိုသည့် အခမ်းအနား နှင့် တရုတ် နိုင်ငံ...