Connect with us

MYANMAR

အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုရန် တရုတ်နိုင်ငံမှဝယ်ယူထားသည့် ကြာရှည်ခံမင်ဘူးများ မြန်မာနိုင်ငံသို့ရောက်ရှိလာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထွေထွေရွေးကောက်ပွဲအတွက် ဝယ်ယူထားသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ရောက်ရှိစဉ် (ဓာတ်ပုံ--ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုရန် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် မဲပေးသူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူးများ ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ အသုတ်ခွဲ၍ ရောက်ရှိလာကြောင်း၊ တရုတ်နိုင်ငံအစိုးရ သက်ဆိုင်ရာဌာနများနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အဆိုပါမင်ဘူးများ တရုတ်နိုင်ငံ၌ အရည်အသွေးစစ်ဆေးခြင်း၊အကောက်ခွန်ရှင်းလင်းခြင်းစသည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏  အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေး မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိလျက်ရှိကြောင်း၊ အထောက်အကူပစ္စည်းများမှာ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)