နေပြည်တော်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ သို့မဟုတ် ၂၀၂၀ ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ယနေ့ တစ်ရက်တာ ပြုလုပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး...
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ အကြား ရွေးကောက်ပွဲလွန် ကာလ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ရန်ကုန်မြို့၊ Park Royal Hotel တွင်...
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဥပဒေ အခန်း(၄)နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ(၃၃)တို့အရ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် လိုင်စင်ယူရန်လိုအပ်သည့် ဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူရန် လိုအပ်ကြောင်း၊ လိုင်စင်မရှိပဲ အသုံးပြုပါက ဌာနမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိရပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၇)နှင့်...
လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် ဇူလိုင်လ ၁၀ ရက်နံနက်အစောပိုင်းက ဘက်ကင်ဟမ်နန်းတော်၏ အရှေ့ဘက်ဝင်ပေါက်ဂိတ်များအား ကျော်တက်ခဲ့သည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အေသင်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) ဂရိနိုင်ငံ မြောက်ပိုင်း နေရာအမြောက်အမြားတွင် ဇူလိုင် ၁၀ ရက်က တိုက်ခတ်ခဲ့သောမုန်တိုင်းကြောင့် မတော်တဆမှုများဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဂရိနိုင်ငံ ရဲဘက်ဆိုင်ရာ၏ ဇူလိုင် ၁၁ ရက်က ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ရာဟင်ယာခန်းမြို့တွင် ခရီးသည်တင်ရထား တစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက တိုက်မိကြရာ လူ ၁၀ ဦးသေဆုံးပြီး အခြားလူ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ကုလသမဂ္ဂ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုရှိ နေရပ်စွန့်ခွာထွက်ပြေးသူ ခန့်မှန်းခြေ ၂၅,၀၀၀ ဦးမှာ “ကြောက်မက်ဖွယ် အခြေအနေများ” ဖြင့် နေထိုင်နေရသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အလုပ်သမားများက စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
လန်ဒန်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Kim Darroch သည် ဇူလိုင် ၁၀ ရက်က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ နုတ်ထွက်စာပေးပို့ပြီး ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။၎င်း၏အမေရိကန် သမ္မတ ထရမ့်အား ဝေဖန်သည့် လျှို့ဝှက်ချက်ပေါက်ကြားသွားခြင်းက အများတွေးတောခန့်မှန်းစရာအမျိုးမျိုး ဖြစ်စေခဲ့ရာ သံအမတ်အဖြစ်...
နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) နိုင်ငံရေးသဘောတူညီချက်မရခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကြားကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦး ဘောင်ခေးက ပြောသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်နှင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan) တို့သည် ယခု ဇူလိုင် ၂၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် အခြား ကိစ္စရပ်များအား...