Connect with us

International Organizations

အမေရိကန်နိုင်ငံ ၏ အကြောင်းမဲ့ပြစ်တင်ဝေဖန်မှုအပေါ် ကုလသမဂ္ဂ၌ တရုတ်နိုင်ငံ အပြင်းအထန် ကန့်ကွက်

ပုံစာ-ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် တိုက်ပင်း က အောက်တိုဘာ ၇ ရက် ၌ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေး တွင် အမေရိကန်နိုင်ငံ ၏ COVID-19 ကပ်ရောဂါ နှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ် နှင့် ပတ်သက်၍ တရုတ်နိုင်ငံ အပေါ် အကြောင်းမဲ့ပြစ်တင်ဝေဖန်ခဲ့ခြင်းနှင့်ပတ်သက်၍ အပြင်းအထန် ကန့်ကွက်ခဲ့သည်။

တိုက်ပင်း က အမေရိကန်နိုင်ငံ ၏ အကြောင်းမဲ့ ထပ်မံ တရုတ်နိုင်ငံ အား ပြစ်တင်ဝေဖန်ခဲ့ခြင်းသည် ကုလသမဂ္ဂ ပလတ်ဖောင်းကိုအသုံးပြု၍ ပြဿနာ ဖန်တီးနေခြင်းဖြစ်ကြောင်း ၊ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်အောင်ဆောင်ရွက်ပြီး အမေရိကန်ပြည်တွင်း နိုင်ငံရေး အတွက် အသုံးချနေခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ခိုင်မြဲစွာဆန့်ကျင်ပြီး လုံးဝလက်မခံကြောင်း ၊ ကပ်ရောဂါ နှင့် ပတ်သတ်၍ တရုတ်နိုင်ငံ အား နာမည်ဖျက်ခြင်း နှင့် အပြစ်ပုံချခြင်းသည် မှားယွင်းပြီး တာဝန်ယူမှုမရှိသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီး အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ က ၇ သန်းကျော် ရှိနေကြောင်း ၊ တရုတ်နိုင်ငံ က လူ့အသက်အား အရေးကြီးဆုံးအရာ အဖြစ် အမြဲထားရှိခဲ့ပြီး အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ က ၂၁၀,၀၀၀ ကျော်ရှိကြောင်း ၊ အမေရိကန် အစိုးရ အနေဖြင့် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရမှု နှင့် သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် အပေါ် အမေရိကန် နိုင်ငံပြည်သူလူထု အား ရှင်းလင်းပြောကြားသင့်ကြောင်း တုံ့ပြန် ပြောကြား ခဲ့သည်။

ထို့နောက် တိုက်ပင်း က ရှင်းကျန်း ၏ လူမှုပတ်ဝန်းကျင်က တည်ငြိမ်းအေးချမ်းပြီး သာယာအေးချမ်းကာ တိုင်းရင်းသားလူမျိုးများကလည်း ချစ်ခင်ရင်းနှီးကြကြောင်း ၊ ရှင်းကျန်းတွင် ဗလီပေါင်း ၂၄,၄၀၀ ကျော်တည်ဆောက်ထားပြီး မူစလင်လူမျိုး ၅၃၀ ဦးလျင် ဗလီတစ်လုံးနှုန်းရှိကာ ယင်းမှာ အမေရိကန် ဗလီစုစုပေါင်း ၏ ၁၀ ဆကျော် ဖြစ်ကြောင်း ၊ ၂၀၁၀ ခုနှစ် မှ ၂၀၁၈ ခုနှစ် အတွင်း ရှင်းကျန်းဝီဂါလူမျိုး လူဦးရေ က ၁၀ ဒသမ ၁၇ သန်း မှ ၁၂ ဒသမ ၇၁ သန်း သို့ တိုးမြှင့်ခဲ့ပြီး ၂၅ ရာခိုင်နှုန်းကျော် များပြားလာခဲ့ကြောင်း ၊ ယင်းမှာ ဟန့်လူမျိုး လူဦးရေ တိုးတက်မှု ၏ ၁၀ ဆ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အစိုးရ က အတင်းအကျပ် သားဆက်ခြားခိုင်သည် ဟူသော ပြောဆိုမှုများသည်လည်း လုပ်ကြံဖန်တီးမှုသာ ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာကြီး က ဆိုးရွားသည့် စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရပြီး နိုင်ငံအသီးသီး အနေဖြင့်လည်း သက်ဆိုင်ရာ အထူးတာဝန်များကို ယူထားကြရကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံသည် မိမိ နိုင်ငံဦးစားပေး ဝါဒ ကို ဆောင်ရွက်နေပြီး အရေးကြီးသည့် အချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ နုတ်ထွက်ခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံ အနေဖြင့် အခြားနိုင်ငံအပေါ် ခြိမ်းခြောက်ခြင်း နှင့် အရေးယူပိတ်ဆို့မှုဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံ အနေဖြင့် နေရာအများအပြားတွင် စစ်ပွဲများ ဆောင်ရွက်ခဲ့ပြီး တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများဆောင်ရွက်ခဲ့သောကြောင့် လူပေါင်းသိန်းနှင့်ချီ၍ အပြစ်မဲ့ သေဆုံးခဲ့ရသလို လူပေါင်းသန်းနှင့်ချီ၍ ဒုက္ခသည်ဘဝသို့ရောက်ရှိခဲ့ကာ လူပေါင်း သန်းဆယ်နှင့်ချီ၍ စားနပ်ရိက္ခာ နှင့် ဆေးဝါး မလုံလောက်မှု ကြုံတွေ့စေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ငွေကြေးဆိုင်ရာ အခက်အခဲဖြစ်နေခြင်း ကို မျက်ကွယ်ပြုပြီး အဖွဲ့ဝင်ကြေးပေးဆောင်ရန် အကြွေးထိန်ချန်ခဲ့ကြောင်း ၊ အမေရိကန် သည် ခေါင်းမာစွာဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ပြီး လုံခြုံရေးကောင်စီတွင်လည်း အမြဲ အထီးကျန် အဖြစ် နေခဲ့ရကြောင်း ဆက်လက်ပြောကြား ခဲ့သည်။

ထို့ပြင် တိုက်ပင်း က တရုတ်နိုင်ငံလူ့အခွင့်အရေး အခြေအနေမည်သို့ရှိသည် ဆိုသည်မှာ တရုတ်နိုင်ငံ ပြည်သူလူထုသာ ပြောပိုင်ခွင့်အရှိဆုံးဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ပြည်သူလူထု ၏ တရုတ်နိုင်ငံအစိုးရ အပေါ် ထောက်ခံမှု သည် ၉၀ ရာခိုင်နှုန်းအထက်တွင်ရှိကြောင်း ၊ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ကို တားဆီးလိုသည့် မည်သည့်အင်အားမဆို အိမ်မက်မက်နေခြင်းသာဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံအနေဖြင့် စစ်အေးကာလအတွေးအခေါ်များကို ဖယ်ရှားပြီး တရုတ်နိုင်ငံ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု ကို မှန်ကန်စွာ ရှုမြင်ကာ လိမ်ညာခြင်း နှင့် နိုင်ငံရေးရောဂါပိုး ဖြန့်ဝေခြင်းကို ရပ်တန့်ရန် တိုက်တွန်းလိုကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။ (Xinhua)