ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် မကြာမီကျရောက်တော့မည့် အမျိုးသားနေ့ အားလပ်ရက်အတွင်း ယာဉ်အသွားအလာ အစီအစဉ်အား ထိန်းသိမ်းရန် စေတနာ့ဝန်ထမ်း ၇၈,၀၀၀ ကျော် စုဆောင်းထားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက စက်တင်ဘာ ၂၇ ရက်တွင် ပြောခဲ့သည်။
ဘန်ကောက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မင်းသမီး မဟာ ချာခရီ သီရိဒုံ (Maha Chakri Sirindhorn) သည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ကြည်ရေး လုပ်ဆောင်မှုတွင် ၎င်း၏ ကြီးမားသည့် ကူညီထောက်ပံ့မှုအတွက် တရုတ်နိုင်ငံက Medal of Friendship ဆု...
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်တွင် ကျပ်သိန်း ၄၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီး အသင်းတို့ အောက်တိုဘာလ တွင်ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Maluku ပြည်နယ်တွင် စက်တင်ဘာ ၂၆ ရက် အစောပိုင်းက အင်အား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ရှားမှုကြောင့် လူ ၂၀ သေဆုံးပြီး လူ ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အကြီးတန်းအရာရှိက...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) BRICS အဖွဲ့ဝင် ၅ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်၏ နမူနာတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ နံနက် ၇နာရီ ၄၀တွင် မြေသားနံရံပြိုကျပြီး အဆောက်အဦတစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အထိ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည် ၂,၈၁၄,၁၃၉ ဦး ဝင်ရောက်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျူးဘား ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး ရောလ် ကက်စထရို (Raul Castro) နှင့် ၎င်း၏ သားသမီးများအား စက်တင်ဘာ ၂၆ ရက်က ခရီးသွားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
ပဲရစ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတဟောင်း အသက် ၈၆ နှစ်အရွယ် ဂျက်ရှီရက်ခ် (Jacques Chirac) သည် စက်တင်ဘာလ ၂၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။