Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၅ သိန်းကျော်အထိရောက်ရှိလာ

ပြင်သစ်နိုင်ငံရှိအမျိုးသားတစ်ဦးက စက်တင်ဘာ ၂၂ ရက်၌နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံတွင်လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၁၅,၇၉၇ ဦးတိုးမြင့်ခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၅ သိန်းကျော်အထိရောက်ရှိလာခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ပြင်သစ်နိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၃,၀၃၄ ဦးအထိရောက်ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၃၁,၆၆၁ ဦးရှိကြောင်း ပြင်သစ်နိုင်ငံအစိုးရ၏ စက်တင်ဘာ ၂၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ပြင်သစ်နိုင်ငံတွင်လက်ရှိချိန်၌ COVID-19 ရောဂါကူးစက်ခံရသူ ၆,၁၂၈ ဦးကဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေပြီး ၎င်းတို့အနက် ၁,၀၉၈ ဦးက အထူးကြပ်မက်ဆောင်တွင် ဆေးဝါးကုသမှုခံယူနေကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ပြင်သစ်နိုင်ငံတွင်လက်ရှိချိန်၌ COVID-19 ရောဂါကူးစက်မှုဖြစ်စဉ်ပေါင်း ၁,၁၂၅ ခုအပေါ် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေပြီး လွန်ခဲ့သည့်တစ်ပတ်အတွင်းပြင်သစ်နိုင်ငံ၏ ရောဂါစစ်ဆေးမှုဆောင်ရွက်ရာတွင် ကူးစက်ခံရကြောင်းတွေ့ရှိမှုက ၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြင်သစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ၂၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ပြင်သစ်နိုင်ငံဝန်ကြီးချုပ် Jean Castex ကစက်တင်ဘာ ၂၄ ရက်၌သတင်းမီဒီယာနှင့်တွေ့ဆုံရာတွင် ပြင်သစ်နိုင်ငံ၏ကပ်ရောဂါအခြေအနေကလွန်စွာစိုးရိမ်ဖွယ်ရာကောင်းပြီး မြို့ကြီးများ၌အခြေအနေက ပိုမိုဆိုးရွားကြောင်း ၊ လက်ရှိချိန်တွင်မဖြစ်မနေကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို တင်းကျပ်စွာဆောင်ရွက်ရမည်ဖြစ်ပြီး သို့မဟုတ်ပါကကပ်ရောဂါအခြေအနေက ယခုနှစ်နွေရာသီတွင် ဖြစ်ပွားခဲ့သည့်အခြေအနေကဲ့သို့ဖြစ်စေမည်ဖြစ်ကြောင်း ၊ အကယ်၍ကပ်ရောဂါကိုထိရောက်စွာ မထိန်းချုပ်နိုင်ပါက ပြင်သစ်နိုင်ငံတွင် အပြင်မထွက်ရအမိန့် ပြန်လည်ထုတ်ပြန်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.