နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က စက်တင်ဘာ ၂၆ ရက် နေပြည်တော် MICC(2) တွင် ကျင်းပပြုလုပ်သော တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့်...
ရန်ကုန် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတကာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင် ရာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ အခမ်းအနားအား ယနေ့စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ-၁၈(င)အရ အစိတ်အပိုင်းမမှန်မကန် Body Cocah (ဖောက်စွပ်/ဖြတ်ဆက်) ပြုလုပ်ထားသော မော်တော်ယာဉ်များအတွက် ယာဉ်အစားထိုးတင်သွင်းခွင့် “ဃ” (စလစ်) ထုတ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်စဉ် စက်တင်ဘာ ၂၅ ရက်က အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် Maluku ပြည်နယ် တွင် စက်တင်ဘာ ၂၆ ရက်က အင်အား ၆.၅ အဆင့်ရှိသည့် ငလျင်လှုပ်ရှားမှုကြောင့် လူ၆ ဦးသေဆုံးခဲ့ကာ လူတစ်ဒါဇင် နှင့် အထက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်၏ မြို့တော် Ambon ရှိ...
ထရီပိုလီ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် ကုလသမဂ္ဂကျောထောက်နောက်ခံရှိ အစိုးရနှင့် ညှိုနှိုင်းနေစဉ်အတွင်း လစ်ဗျားနိုင်ငံတောင်ပိုင်း Murzuqမြို့အနီးတွင် IS စစ်သွေးကြွများကို အမေရိကန်က လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၏ အာဖရိကစစ်တိုင်း(AFRICOM)က စက်တင်ဘာ ၂၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ဓာတ်တိုင်၊မီးကြိုးများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ များ၏ ခွင့်ပြုမိန့်/အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ အနေဖြင့် လိုက်နာဆောင်ရွက်သွားရမည့်အချက်များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးကြေညာချက် ကို ယနေ့ထုတ်ပြန်ခဲ့သည်။
တီဟီရန်၊စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ Sistan and Baluchestan ပြည်နယ် မြို့တော် ဇာဟီဒန်အနီးတွင် စက်တင်ဘာ ၂၆ ရက်က ခရီးသည်တင် ရထားတစ်စီးသည် သံလမ်းမှချော်ထွက်မှု ဖြစ်ကာ လူ ၅ ဦးသေဆုံးပြီး ၉၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။