ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါဝန်ပြည်နယ်၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတစ်ခုအတွင်း ပေါက်ကွဲမှု တစ်ခု စက်တင်ဘာလ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တွင် လာမည့် ရက်သတ္တပတ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သမ္မတရွေးကောက်ပွဲ ကျင်းပခါနီးအချိန်တွင် မြို့တော်ဖြစ်သည့် ကဘူးလ်မြို့ ၏ ရဲတပ်ဖွဲ့ခရိုင်၉ တွင် စက်တင်ဘာ ၁၇ရက် က ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Ferdaus Faramarz ကပြောသည်။ (Xinhua)
အန်ကာရာ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တူရကီ၊ရုရှား၊အီရန် သုံးနိုင်ငံ ခေါင်းဆောင်များသည် စက်တင်ဘာ ၁၆ ရက်က တူရကီနိုင်ငံ အန်ကာရာမြို့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ပြီး ဆီးရီးယားနိုင်ငံ လုံခြုံရေးပြဿနာကို အဓိကထားဆွေးနွေးခဲ့ကြရာ ဆီးရီယားနိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒလစ်ပ်ဒေသတွင် ရေရှည် အပစ်အခတ်ရပ်စဲမှုကို အကောင်အထည်ဖော်သင့်ကြောင်း အလေးနက်ထားပြောခဲ့ကြသည်ဟု သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးခြင်းအား မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
တီဟီရန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံက မည်သည့် ရာထူးအဆင့်ရှိသည့် ပုဂ္ဂိုလ် နှင့်မဆို အီရန်နိုင်ငံမှ တာဝန်ရှိသူများမှ ဆွေးနွေးမည်မဟုတ်ဟု တညီတညွတ်တည်း ဆန္ဒရှိကြကြောင်း အီရန်နိုင်ငံ အကြီးအကဲခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က စင်တင်ဘာ...
မနီလာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) ဥက္ကဋ္ဌ တာခဲဟိကို နာကာအို (Takehiko Nakao) သည် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်တွင် ကြေညာလိုက်ပြီး ယင်းသို့နုတ်ထွက်မှုမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်၌ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း...
ရီယိုဒီဂျနေရိုး၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အမေဇုံသစ်တောဒေသတွင် လေယာဉ်တစ်စင်း ပျက်ကျမှုတွင် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ အပြင်ပတ်လမ်းပေါ်တွင် တစ်နိုင်ငံလုံးသို့ ဆက်သွယ်နိုင်မည့် ကုန်တင်ကားများရပ်ရန် အတွက် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာတစ်ခု (Logistic Hub, Trucks Terminal yard) အမြန်ဆုံးတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းစနစ် အကောင်အထည်ဖော်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး...
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုအဖွဲ့များနှင့် စေတနာရှင် ပြည်သူများက ယနေ့ စက်တင်ဘာ ၁၇ ရက်၌ ရန်ကုန်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့များ ထံ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ ကျော်ဖိုးတန်ဖိုးရှိသည့် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ ကယနေ့သတင်းထုတ်ပြန်သည်။