Connect with us

Environment, Disasters & Accidents

မိုးကုတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများကြောင့် လူ ၅ ဦးသေဆုံး

မိုးကုတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများအား တွေ့ရစဉ် ( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ ရွှေတိုင်ရပ်ကွက် ၊ ရွှေကူရပ်ကွက်နှင့် ကိုးလံရွာတို့တွင် ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများကြောင့် လူ ၅ဦးသေဆုံးခဲ့ကြောင်း  မိုးကုတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဦးကျော်မင်းခိုင်က ဆင်ဟွာသို့ပြောသည်။

အဆိုပါ မြေပြိုကျမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း ၅ဦးသေဆုံးခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ယနေ့ နံနက်ပိုင်း မိုးကုတ် မြို့ပေါ်နှင့် အနီးအနားရွာများ၌ တောင်ပြို၊ မြေပြိုမူများဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။“၁၅ရက်နေ့ညကထဲက မိုးက သည်းသည်းမဲမဲရွာတာ၊ တစ်ချို့ရပ်ကွက်တွေက လူထိခိုက်မှု မရှိပေမယ့် အုတ်တံတိုင်းတွေပြိုတာတွေလည်းရှိတယ်၊ တောင်ကုန်း၊ တောင်စောင်းတွေပေါ် အိမ်တွေဆောက်ထားတော့ ဒီလိုအချိန်ဆို အန္တရာယ်များတယ်” ဟု မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 မိုးကုတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများအား တွေ့ရစဉ် ( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

 မိုးကုတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများအား တွေ့ရစဉ် ( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

မိုးကုတ်မြို့နယ်၊ ရွှေကူ(၁၈)ရပ်တွင် မြေသားနံရံပြိုကျ၍ လူတစ်ဦးပိမိနေကြောင်းသတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ သည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၈နာရီတွင် ပိမိနေသူ အမျိုးသမီး(၁)ဦး (သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ အလားတူ ကိုးလံရွာတွင် သားအမိသုံးဦး နှင့် ရွှေတိုင်ရပ်ကွက်တွင် တစ်ဦး မြေပိသေဆုံးခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.