ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) COVID-19 ကာလ ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးအကြံပေးမှုများကို လုပ်ဆောင်လျက်ရှိရာ အထွေထွေရောဂါကုဆရာဝန် ၁၅၀ ဦးက စေတနာ့ဝန်ထမ်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်ကို ဆောင်ရွက်ပေးနေကြောင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ အထွေထွေအတွင်းရေးမှူး...
ပေကျင်း၊အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်သည် လူ့ခန္ဓာကိုယ်အရေပြားပေါ်တွင် ၉ နာရီကြာအသက်ရှင်နိုင်ရာ ၎င်းအသက်ရှင်နိုင် သည့်ကြာချိန်မှာ သာမန်တုပ်ကွေးရောဂါပိုး၏ ၅ ဆဖြစ်သည်ဟု ဂျပန် သုတေသီများက တွေ့ရှိခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်သည် အရေပြားပေါ်တွင် ၉ နာရီကြာ အသက်ရှင်နိုင်သည်ဟု ဂျပန်သုတေသီများက တွေ့ရှိခဲ့ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံတွင် နှာခေါင်းစည်း မတပ်မနေရ အမိန့် ထုတ်ပြန်လိုက်ကြောင်း အောက်တိုဘာ ၁၈ ရက် သတင်းများအရ သိရသည်။
ဟနွိုင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သား ၁၄ ဦးသေဆုံးသွားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA) က ဖော်ပြခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ 5G ကွန်ရက်ကို တိုးချဲ့ရန်အတွက် အခြေစိုက်စခန်းများ ဆက်လက် တည်ဆောက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝှမ်းတွင် 5G အခြေစိုက်စခန်းပေါင်း ၆၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MIIT) ၏ ထုတ်ပြန်ချက်အရ...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) COVID-19 အတည်ပြုလူနာသစ် (၁,၁၅၀) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၃၆,၀၂၅) ဦးရှိလာပြီဖြစ်ကာ လူနာ(၄၂)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၈၈၀) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၈ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ...
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ဩစတြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု positiveဖြစ်ကြောင်းနှင့် ကိုဗစ် ဒုတိယအကြိမ်ကူးစက်လူနာတွေ့ရှိရဟု ဆွီဒင်နိုင်ငံက ဆိုကြောင်း အောက်တိုဘာ ၁၇ ရက် သတင်းများအရ သိရသည်။
နယူးယောက် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် အောက်တိုဘာ ၁၆ ရက်က COVID-19 ရောဂါစစ်ဆေးမှုပေါင်း ၁၅၉,၀၀၀ ခုကျော် ပြုလုပ်ခဲ့ပြီး တစ်ရက်အတွင်း အရေအတွက်အများဆုံးစစ်ဆေးမှုဖြင့် စံချိန်သစ်တစ်ခု ချိုးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် အောက်တိုဘာ...
ချန်းကျီ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရွှေရောင် ဆောင်းဦးရာသီ အောက်တိုဘာလသည် တရုတ်နိုင်ငံ ရှင်းကျန်ဒေသ နေရာသီးသီးတွင် ဝါဂွမ်း ရိတ်သိမ်းသည့်ကာလဖြစ်သည်။ ရှင်းကျန်းဒေသ ချန်းကျီ ဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မာနာ့စစ်ခရိုင်တွင် ဧက ၈၃၀,၀၀၀ ခန့်သောရှိ ဝါဂွမ်းများကို ရိတ်သိမ်း၍ စက်ရုံသို့ပို့ဆောင်ရသည့် လုပ်ငန်းစည်ကားနေချိန်လည်းဖြစ်သည်။