Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ရှင်းကျန်းဒေသ အလုပ်အကိုင် နှင့် အလုပ်သမားအခွင့်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းထုတ်ပြန်

တရုတ်နိုင်ငံ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်း သတင်းရှင်းလင်းပွဲတစ်ခုကို ၂၀၂၀ ပြည့်နှစ် ဇွန် ၇ ရက်က ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ အလုပ်အကိုင် နှင့် အလုပ်သမားအခွင့်အရေး ဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်ကို စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စက္ကူဖြူစာတမ်းကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ရန် နှင့် ပို၍ အခြေခံကျသော စီမံကိန်းများတွင် လွယ်ကူအဆင်ပြေဆုံးဖြစ်စေရန် ရှင်းကျန်းက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

တက်ကြွကောင်းမွန်သော အလုပ်သမား နှင့် အလုပ်အကိုင် မူဝါဒများဖြင့် ရှင်းကျန်းသည် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ နှင့် ယဉ်ကျေးမှုဘဝများ နှင့် နယ်ပယ်တိုင်းတွင် ၎င်းတို့၏ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အာမခံမှုကို ဆက်လက်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း “ Employment and Labor Rights in Xinjiang” ခေါင်းစဉ်ဖြင့် ထုတ်ဝေသော စာတမ်းတွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ စက္ကူဖြူစာတမ်းထဲတွင် အခန်း ၆ ခန်းပါရှိပြီး ယင်းတို့မှာ ရှင်းကျန်းဒေသ အလုပ်အကိုင် ၊ တက်ကြွသော အလုပ်အကိုင်မူဝါဒများ ၊ အလုပ်သမားများ၏ ပို၍ကောင်းမွန်သောအလုပ်များအတွက် အပြည့်အဝလေးစားမှု ၊ အလုပ်သမားအခွင့်အရေးများအကာအကွယ်ပေးခြင်း ၊ ပိုမိုကောင်းမွန်သော ဘဝအတွက်ပိုမိုကောင်းမွန်သောအလုပ်အကိုင်များ နှင့် နိုင်ငံတကာ အလုပ်သမား နှင့် လူ့အခွင့်အရေး အခြေခံ စံနှုန်းများ တို့ပါဝင်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117