ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) နေပြည်တော် ၊ ဇေယျာသီရိ မြို့နယ်၌ ဧပြီ ၁၆ ရက်တွင် သြင်္ကန် လည်သော ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦးမှာ သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး...
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ဧပြီ ၁၇ရက် ည ၉နာရီခွဲ၌ မန္တလေး- မြစ်ကြီးနားသွားလမ်း၊ နဘား လမ်းခွဲတွင် ကျပ်သိန်း ၉,၀၀၀ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
လီမား၊ ဧပြီလ ၁၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံသမ္မတဟောင်း အလန်ဂါစီယာ(Alan Garcia) သည်လီမားမြို့ရှိဆေးရုံတစ်ရုံ၌ ဧပြီလ ၁၇ ရက်က သေဆုံးသွားခဲ့ကြောင်း လက်ရှိပီရူးနိုင်ငံသမ္မတ မာတင်ဗစ်ဇ်ကာရာ(Martin Vizcarra) က တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုရေးသားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၉/၁ အနီးတွင် ယနေ့ ဧပြီ ၁၇ ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်တွင် ကားမီးလောင်မှုဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သြင်္ကန်လေးရက်တာအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၄ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျာကာတာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီ ၁၇ ရက်က သမ္မတရွေးကောက်ပွဲကျင်းပရာ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် သန်း ၁၉၀ က တစ်နိုင်ငံလုံးရှိ မဲရုံပေါင်း ၈ သိန်းကျော်သို့ သွားရောက် သမ္မတနှင့်ဒုတိယသမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြကြောင်း သိရသည်။
အာဖဂန်နစ္စတန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် ရှိ နယ်မြေအစိတ်အပိုင်းတစ်ချို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း တာလီဘန်စစ်သွေးကြွများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၂၁ဦးသေဆုံးပြီး ရွာ ၂၁ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Aref...
ဖနွမ်းပင်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ခမာနှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ခရီးသွားအချက်အခြာနေရာများကို လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားစုစုပေါင်းမှာ ယခုနှစ်၌ ၄ ဒသမ ၇၂ သန်းအ ထိရှိကာ ယခင်နှစ်ကထက် ၆၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေးဝန် ကြီး ဌာနက ဧပြီလ ၁၇ ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ပြောကြားခဲ့သည်။
ပဲရစ်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်သည် Notre Dameဘုရားကျောင်း မီးအကြီးအကျယ်လောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ ဧပြီ ၁၆ ရက် ညပိုင်းက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ ဘုရားကျောင်းအား ငါးနှစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။