Connect with us

Europe

တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ခိုင်မာစွာဆောင်ရွက်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်-ရုရှား နှစ်နိုင်ငံအလံအား ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင် တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo၏ တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် မူဝါဒ မိန့်ခွန်းကို အံ့ဩဝမ်းနည်းမိကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ခိုင်မာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည်လည်း ကမ္ဘာ့အခြေအနေ တည်ငြိမ်ရေး၏ အရေးကြီးသည့် အကြောင်းအရင်းဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏ ရန်လိုရန်စမှုများက အမေရိကန်-တရုတ်နှစ်နိုင်ငံဆက်ဆံရေးကို တင်းမာလာစေကြောင်း၊ ၎င်းသည် နှစ်ဖက်နှစ်နိုင်ငံကို အကျိုးယုတ်စေသလို နိုင်ငံတကာအခြေအနေကို ပို၍ ရှုပ်ထွေးစေကြောင်း Maria Zakharovaက ဆိုသည်။တရုတ်နှင့်အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး နိုင်ငံတကာ ရေးရာတွင် အရေးကြီးသည့် ကဏ္ဍတွင်ပါဝင်လျက်ရှိရာ အခြား အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကိုတွန်းအားဖြစ်စေရန်  တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ထိုသို့ ဆောင်ရွက်ခြင်းသည်လည်း ကမ္ဘာလုံးဆိုင်ရာအခြေအနေ တည်ငြိမ်ရေး၏ အရေးကြီး အကြောင်းအရင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံ သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Dmitry Peskovကလည်း ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံသည် အထူး မိတ်ဖက်ဆက်ဆံရေးတည်ရှိသော နိုင်ငံဖြစ်ကြောင်း  ပြောကြားခဲ့သည်။ (Xinhua)