ကူဝိတ်စီးတီး၊ ဧပြီ ၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင်းဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံက စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး လစ်ဗျားနိုင်ငံတွင်းရှိ အဖွဲ့အစည်းများအားလုံးကို သွေးထွက်သံယိုဖြစ်စေမည့် ရန်လိုမှုများ ရပ်တန့်ပေးရန် တောင်းဆိုမှုလည်း ပြုလုပ်ခဲ့ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၈ ရက်က ပြောကြားခဲ့သည်။
အက်စ်တာနာ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ၏ ကြားဖြတ်သမ္မတ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ် (Kassym-Jomart Tokayev) က သမ္မတရွေးကောက်ပွဲအား ဇွန်လ ၉ ရက်တွင် ဆောလျင်စွာ ကျင်းပရန် စီစဉ်ထားကြောင်း ဧပြီလ ၉ ရက်တွင် နိုင်ငံသို့ပြောကြားခဲ့သည့် ရုပ်မြင်သံကြားမိန့်ခွန်း၌ ပြောကြားခဲ့သည်။...
အန်ကာရာ ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) ကမ္ဘာ့သက်တမ်း အရင့်ဆုံး ဖြစ်နိုင်ဖွယ် ရှိသော နှစ်ပေါင်း ၃,၆၀၀ သက်တမ်းရှိ သဘောၤပျက် တစ်စီးအား တူရကီ နိုင်ငံ တောင်ပိုင်း Antalya ပြည်နယ် ကမ်းရိုးတန်း အလွန် ပင်လယ်ပြင်၌ တူရကီ ရှေးဟောင်း သုတေသန ပညာရှင်များက...
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်တွင် ဒုတိယအကြိမ် ကျင်းပမည့် ချင်းတွင်းသြင်္ကန်ပွဲတော်တွင် လာရောက်ရေကစားကြသူများ အပူရှိန်ခံစားမှုကို လျှော့ချပေးနိုင်ရန်အတွက် ရေပန်း အကြီးအသေး (၁၁ဝ) ကျော် တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဧပြီ ၉ ရက်(ဆင်ဟွာ) မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ အကြားရှိ နယ်စပ်မျဉ်းတစ်လျှောက် လှုပ်ရှားနေသည့် အကြမ်းဖက် သမားများနှင့် အကြမ်းဖက် အုပ်စုများကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းသွားမည်ဟု ယနေ့နံနက် ထုတ်ပြန်သည့် နှစ်နိုင်ငံ ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ရှိ မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ရထားခရီးစဉ် ကို ဧပြီလ (၁၃) ရက် (သြင်္ကန်အကြိုနေ့) အထိ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ပြီး ၂၀၁၉-ခုနှစ် မဟာသြင်္ကန်ပွဲတော် ကာလအတွင်း သုံးရက်ရပ်နားမည် ဖြစ်ကြောင်း သိရသည်။
ထရီပိုလီ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအရှေ့ပိုင်း လက်နက်ကိုင်အင်အားစု အမျိုးသားတပ်မတော် လေတပ်က ဧပြီလ ၈ ရက် တွင် မြို့တော်ထရီပိုလီရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ လက်ရှိတွင် အဆိုပါလေဆိပ်ကို ပိတ်ထားရကြောင်း သိရသည်။
ထရီပိုလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့များနှင့် နိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂,၈၀၀ ၎င်းတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၈...
ဂျေရုဆလမ် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံသည် လာမည့် ပါလီမန် နှင့် ဝန်ကြီးချုပ် ရာထူးအတွက် ယနေ့ဧပြီ ၉ ရက်တွင် နိုင်ငံအနှံ့အပြား၌ တစ်ရက်တာ အချိန်ကြာကြာမဲပေးရသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက် ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ ၂၀၁၉ခုနှစ် မတ်လအတွင်း လောင်းကစားမှု ၂၉၂မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။